က္ကသိုလ်ကျောင်းသားဘ၀ သင်ခဲ့ရတဲ့ကဗျာတပုဒ်ကိုသတိရမိရဲ့... အကြောင်းကလည်းတိုက်ဆိုင်လာပေသကိုး ဟိုးဘိုးဘွား အတီအတေ ကတည်းက ကြီးမြတ်လှတဲ့ ဂုဏ်အင်္ဂါနဲ့ အရိမဒ္ဒနာပူရလို့ တွင်ခဲ့တဲ့ ပုဂံ၊ သူရဲကောင်းတို့ ထွန်းကားခဲ့ရာ ယဉ်ကျေးမှုရဲ့အနှစ်၊ ရာဇ၀င်သစ်တို့ရဲ့မိခင်၊ ရှင်သန်နေဆဲနှလုံးသားများရဲ့ ပုဂံရဲ့ အလှအကြောင်း တစေ့တစောင်းကြည့်ခဲ့ရသေးတယ်... ပုဂံမှာ ကျွန်တော်တို့ရဲ့ မာန်တွေရှိတယ်၊ ပုဂံမှာ ကျွန်တော်တို့ရဲ့ ဇာတိပုည ဂုဏ်မာနတွေ ရှိတယ်၊ ပုဂံဟာ ကျွန်တော်တို့ရဲ့ ခေတ်ဟောင်းစံ ဖြစ်တယ်၊ တကယ်တော့ ပုဂံလှတယ်ဆိုတာ မြန်မာတိုင်း သိကြပါတယ်... ဒါပေမယ့် ကမ္ဘာကသိအောင်လုပ်ပေးတာကတော့ မြန်မာက သိပ်မပါတာကို တွေ့ရတယ်.. ဘာကြောင့်ဒီလိုပြောရပါသလဲ.. ကမ္ဘာလှည့် ခရီးသွားတွေ ရိုက်ခဲ့တဲ့ ဒီပုံတွေသာ Google Earth လို လူကြည့်များရာတွေမှာ လွှမ်းမိုးထားပါတယ်... မြန်မာပြည်သားကရိုက်ပြီး မြန်မာပြည်သား တင်ထားတဲ့ပို့စ်ရယ်လို့ သိပ်မတွေ့ရသေးဘူး... ဒါပေမယ့် နောင်တချိန်ဖြစ်လာမှာပါလို့တော့ စိတ်ကူးလေးနဲ့ ဖြေသိမ့်မိတယ်... ပုဂံအကြောင်းတွေ ရေးကြပါ... ပုဂံအကြောင်းတွေ တွေးကြပါ.. ခေတ်ဟောင်းစံကို မော်ဒန်ခေတ်ထဲအရောက် ခေါ်ခဲ့ကြပါအုံးလို့...



0 comments:

Post a Comment