Google Map Hacking

Google Map ရဲ့အကြောင်းကို လူတော်တော်များများ သိကြပါတယ်... ကမ္ဘာကြီးတစ်ခုလုံးမှာရှိတဲ့ လိုချင်တဲ့ ဧရိယာကို ဂြိုဟ်တုကနေ ကြည့်ရသလို မြေပုံတစ်ချပ်ကို ကြည့်ရသလို မြင်တွေ့နိုင်တာကိုး .. ပြီးတော့ ထင်ရှားတဲ့မြို့တော်ကြီးတွေဆိုရင် အသေးစိတ်မြေပုံတွေပါသေးတယ်.. အဲဒီမြေပုံတွေကို Save လုပ်ယူလို့ရတယ်.. Print ထုတ်လို့ရတယ်.. ပြီးတော့ အလကားရတယ်.. အဲဒီတော့ လူသုံးများတာမဆန်းပါဘူး..

သို့သော် ကျွန်တော်တို့ Print ထုတ်ယူမယ်ဆိုရင်တော့ အခုလက်ရှိ ကြည့်ရှုနေတဲ့ Mornitor Screen တစ်ခုစာကိုပဲ ထုတ်ယူလို့ရမှာပါ.. Zoom ကြီးကြီး ချဲ့ကြည့်ထားရင် မြင်ရတဲ့ပုံ က ဧရိယာ ကျဉ်းမယ်.. ဧရိယာကျယ်ကျယ်ကို လိုချင်ချင်ရင် မြင်ရတဲ့ပုံက မြို့ကွက်တွေဘာတွေကို မြင်ရမှာမဟုတ်ဘူး.. (Zoom သေးမယ်)

ကျွန်တော်တို့က ကောင်းကင်အမြင့် ပေ ၅၀၀ လောက်ကနေ ကြည့်မယ်ဆိုရင် မြို့ကွက်လိုဟာမျိုး အဆောက်အဦးလိုဟာမျိုးတွေကို တွေ့ရနိုင်တယ်.. အဲဒီ View အတိုင်း Print ထုတ်ရင်တော့ မြို့နယ်တစ်ခုစာ မြေပုံ မရနိုင်ဘူး..မြို့နယ်တစ်ခုလုံးစာမြေပုံကို Print ထုတ်ချင်ရင် ကောင်းကင်အမြင့်ပေ ၂၀၀၀ လောက်ကကြည့်မှ အိုကေလောက်မယ်ထင်တယ်.. ဒါဆိုရင်လည်း မြို့ကွက်လို ဟာမျိုးတွေကို မမြင်ရနိုင်ပြန်ဘူး..

အဲဒီလို ပေ ၅၀၀ လောက်အမြင့်ကနေကြည့်တဲ့ အမြင်မျိုးနဲ့ မြို့နယ်တစ်ခုလုံးစာလောက် မြေပုံကြီးကြီးကို Save လုပ်ချင်တယ်ဆိုရင် ဖြစ်နိုင်ပါသလား..

အဖြေကတော့ ဖြစ်နိုင်ပါတယ်ခင်ဗျာ..

အဲဒီအတွက် လိုအပ်မှာကတော့ Mozila Firefox Browser နဲ့ Screengrabber ဆိုတဲ့ Addon လေးရှိရင် တော်တော်အဆင်ပြေသွားပါပြီ.. စမ်းကြည့်ရအောင်..

Mozilla firefox Browser ကို ဖွင့်လိုက်ပါ..
ပြီးရင် http://addons.mozilla.org ကို သွားလိုက်ပါ..

အဲဒီမှာ Search for Add-ons ဆိုတဲ့ ဘောက်စ်လေးထဲမှာ Screengrab လို့ ရိုက်ထည့်ပြီး ဘေးက within ဆိုတဲ့ ဘောက်စ်ထဲမှာတော့ All Add-ons ဆိုတဲ့အတိုင်းလေးထားပြီး ရှာလိုက်မယ်ဆိုရင် Screengrab ဆိုတဲ့ Add-on ရှိတဲ့နေရာကို ရောက်သွားပါလိမ့်မယ်.. ကောင်းပြီ.. သူ့ဘေးက Download now ကို နှိပ်လိုက်ပြီး တော့ Install လုပ်လိုက်ပါမယ်.. အဲဒါတွေပြီးသွားပြီဆိုရင်တော့ firefox ရဲ့ အောက်ခြေ ညာဘက်ထောင့်မှာ Screengrab icon လေးပေါ်နေတာကို တွေ့ရပါလိမ့်မယ်.. ဒါကတော့ ပြင်ဆင်တဲ့အပိုင်းပါ..

ကျွန်တော်တို့ maps.google.com ကို သွားပြီးတော့ Search bar မှာ yangon လို့ ရိုက်ထည့်ပြီး ရှာလိုက်ပါတယ်.. မကြာခင်မှာပဲ ရန်ကုန်မြို့ ရဲ့ ရှစ်မိုင် မြို့လည်ခေါင်ကို ဗဟိုပြုထားတဲ့မြေပုံကိုတွေ့ရပါမယ်.. မိမိစိတ်ကြိုက် View ကို ချဲ့ကြည့်လိုက်ပါအုံး.. ကျွန်တော်ကတော့ ခန့်မှန်းကောင်းကင် မီတာ ၅၀၀ လောက်အမြင့်ကနေ ကြည့်လိုက်ပါတယ်.. အိုကေ.. အမြင်အားဖြင့် စိတ်ကြိုက်ဖြစ်ပြီဆိုရင် အရွယ်အစားကြီးကြီးရဖို့ ဆက်လုပ်ကြမယ်..

မြေပုံရဲ့ အထက် ညာဘက်ထောင့်မှာရှိတဲ့ Link ဆိုတာကို နှိပ်လိုက်ရင် ကျွန်တော်တို့ကြည့်ထားတဲ့ ဒီမြေပုံရဲ့ တည်နေရာLink ကို Email Link အနေနဲ့ ရော Website တွေမှာကြည့်လို့ရမယ့် Embeded link အနေနဲ့ ရော တွေ့ရမှာပါ.. အခုကျွန်တော်တို့က embeded link ထဲမှာရှိတဲ့ code တွေကို Copy ကူးလိုက်ပါမယ်..



အဲဒီ ကုတ်တွေက ဒီလို ရလာမယ်ဆိုပါတော့....



ဟုတ်ကဲ့ .. အခု ကျွန်တော်တို့ Start =>Run ကိုနှိပ်ပြီး notepad လို့ရိုက်ထည့်လိုက်မယ်.. ပြီးရင် Ok ကို ပေးလိုက်မယ်ဆိုရင် notepad ပရိုဂရမ်လေးက ပွင့်လာပါတယ်.. အဲဒီအထဲမှာ

<.html>
<.body>
XXXXXXXX
<./body>
<./html>


ဆိုပြီး ရိုက်ထည့်လိုက်ပါမယ်..(တကယ်လုပ်ရင်အစက်ကလေးတွေ မထည့်ပါနဲ့) ဒီလောက်ကတော့ HTML ကိုနည်းနည်းလေး လေ့လာဖူးတဲ့သူဆိုရင် သိမှာပါ..Web စာမျက်နှာလေးလုပ်ဖို့ မပါမဖြစ်တဲ့ အနည်းဆုံး Code လေးပါပဲ..
အခု XXXXXXXX လေးတွေ ရေးထားတဲ့နေရာမှာ Google Map က ကူးလာတဲ့ Code ကို ကို Ctrl +v နှိပ်ပြီး ထည့်လိုက်ပါမယ်.. ဒီလိုဖြစ်သွားမယ်..



<.html><.body><./body><./html> တို့မှာပါတဲ့အစက်ကလေးတွေကို ထည့် မရိုက်ရပါဘူးနော်.. အစက်ကလေးတွေက ဒီစာမျက်နှာမှာ HTML code တွေကိုမြင်ရအောင် အပိုထည့်ထားရတာ..

ကဲ ... လက်ရှိအခြေအနေမှာ < width="425" height="350" file =""> Open File ကို ခေါ်ပြီး Desktop ပေါ်က LargeMap.html နာမည်နဲ့ ဖိုင်ကို ဖွင့်လိုက်ပါမယ်.. ဒါဆိုရင် Firefox ဟာ Google Map မြေပုံအကြီးကြီးတစ်ချပ်ကို ဆွဲတင်နေတာကို တွေ့ရပါမယ်..
ကွန်ပျူတာကောင်းရင်/ကော်နက်ရှင်ကောင်းရင်ကောင်းသလို မြန်ပါမယ်.. ကျွန်တော်တို့ပြင်လိုက်တဲ့ မြေပုံအရွယ်အစား ကိန်းဂဏန်း ကြီးရင် ကြီးသလို ကြာမယ် ကိန်းဂဏန်းငယ်ရင် ငယ်သလို မြန်မယ်ပေါ့ဗျာ.. ဒါပေမယ့် အခုပြင်လိုက်တဲ့အရွယ်ထက်တော့ မကြီးသင့်ဘူး..

အခုနောက်ဆုံး မြေပုံအကြီးကြီးတစ်ချပ်ကို ကျွန်တော်တို့ မြင်နေရပါပြီ ... ဒီမြေပုံကြီးကို Save လုပ်ဖို့အတွက် firefox ရဲ အောက်ခြေ Status Bar ညာဘက်ထောင့်က Screen Grab icon လေးပေါ်မှာ Click တစ်ချက်နှိပ်ပြီး Save => Complete Page/Frame ကို နှိပ်မယ်ဆိုရင်.. အခုမြင်နေရတဲ့မြေပုံကြီးတစ်ချပ်လုံးကို သိမ်းဖို့ Box တစ်ခုပေါ်လာပါမယ်..
PNG သို့မဟုတ် JPG Format နဲ့သိမ်းနိုင်ပါတယ်..

Google Map မြေပုံ ကြီးကြီးနဲ့ View ကောင်းကောင်းရအောင် ပြုလုပ်တဲ့နည်းလေး ဒီမှာတင် ပြီးဆုံးပါတယ်.. အဆင်ပြေကြပါစေ..
(အင်တာနက်ပေါ်မှတွေ့သော နည်းစနစ်ကို အင်တာနက်ပေါ်တွင် ပြန်လည်ဖြန့်ဝေပါသည်...)

1 comments:

At December 14, 2008 at 4:33 AM MrDBA said...

ဝေး ဟေးဟေး လာလည်သွားတယ်ဗျို့

 

Post a Comment