ကျွန်တော်က နေပြည်တော်မှာ အခြေချနေထိုင်သူဆိုတော့ နေပြည်တော်သားလေးပေါ့... ဒေသတိုင်းမှာ နေထိုင်ခဲ့သူတွေဟာ ကိုယ့်ဒေသကို ကိုယ်မြတ်နိုးကြတယ်.. ဒေသစွဲကြတယ် .. ဒါဟာ မြန်မာလူမျိုးတော်တော် များများရဲ့ ဓလေ့စရိုက်ပါပဲ ... ကျွန်တော်လည်း နေပြည်တော်သားအဖြစ် ခံယူလိုက်တဲ့အခါ ကိုယ့်ဒေသကို ချစ်မြတ်နိုးလာပါတယ်... တည်ကာစကနဲ့တနေ့တခြား ကွဲပြားလာပြီး ခုဆို နေပြည်တော်ကလည်း တဖြည်းဖြည်းနဲ့ လှလာပါတယ်..
မွေးစကလေးကနေ... အပျိုဖျန်းကလေးဖြစ်လာသလိုပေါ့... နုသစ်နေတဲ့ နေပြည်တော်အလှ နေပြည်တော်သားတို့ရဲ့ဘ၀နဲ့ နေပြည်တော်နဲ့ပတ်သက်သမျှကို ဘလော့လေးတစ်ခု ဖန်တီးတင်ဆက်လိုက်ပါတယ်.. ဓါတ်ပုံတွေ ဒေသဆိုင်ရာအချက်အလက်တွေနဲ့ သတင်းလေးတွေလည်း တင်ဆက်နိုင်အောင်ကြိုးစားပါမယ်...
Labels: အဖွင့်စာမျက်နှာ
0 comments:
Subscribe to:
Post Comments (Atom)
နတ်ဘဝနဲ့နေကြည့်မယ်..
အွန်လိုင်းဂိမ်းဆော့မယ်..
ပလန်းနက်မြန်မာဆိုရှယ်ဖိုရမ်
မြန်မာ IT ပရော်ဖက်ရှင်နယ်များဖိုရမ်
သတ္တမနည်းပညာရပ်ဝန်း