Google Map Hacking

Google Map ရဲ့အကြောင်းကို လူတော်တော်များများ သိကြပါတယ်... ကမ္ဘာကြီးတစ်ခုလုံးမှာရှိတဲ့ လိုချင်တဲ့ ဧရိယာကို ဂြိုဟ်တုကနေ ကြည့်ရသလို မြေပုံတစ်ချပ်ကို ကြည့်ရသလို မြင်တွေ့နိုင်တာကိုး .. ပြီးတော့ ထင်ရှားတဲ့မြို့တော်ကြီးတွေဆိုရင် အသေးစိတ်မြေပုံတွေပါသေးတယ်.. အဲဒီမြေပုံတွေကို Save လုပ်ယူလို့ရတယ်.. Print ထုတ်လို့ရတယ်.. ပြီးတော့ အလကားရတယ်.. အဲဒီတော့ လူသုံးများတာမဆန်းပါဘူး..

သို့သော် ကျွန်တော်တို့ Print ထုတ်ယူမယ်ဆိုရင်တော့ အခုလက်ရှိ ကြည့်ရှုနေတဲ့ Mornitor Screen တစ်ခုစာကိုပဲ ထုတ်ယူလို့ရမှာပါ.. Zoom ကြီးကြီး ချဲ့ကြည့်ထားရင် မြင်ရတဲ့ပုံ က ဧရိယာ ကျဉ်းမယ်.. ဧရိယာကျယ်ကျယ်ကို လိုချင်ချင်ရင် မြင်ရတဲ့ပုံက မြို့ကွက်တွေဘာတွေကို မြင်ရမှာမဟုတ်ဘူး.. (Zoom သေးမယ်)

ကျွန်တော်တို့က ကောင်းကင်အမြင့် ပေ ၅၀၀ လောက်ကနေ ကြည့်မယ်ဆိုရင် မြို့ကွက်လိုဟာမျိုး အဆောက်အဦးလိုဟာမျိုးတွေကို တွေ့ရနိုင်တယ်.. အဲဒီ View အတိုင်း Print ထုတ်ရင်တော့ မြို့နယ်တစ်ခုစာ မြေပုံ မရနိုင်ဘူး..မြို့နယ်တစ်ခုလုံးစာမြေပုံကို Print ထုတ်ချင်ရင် ကောင်းကင်အမြင့်ပေ ၂၀၀၀ လောက်ကကြည့်မှ အိုကေလောက်မယ်ထင်တယ်.. ဒါဆိုရင်လည်း မြို့ကွက်လို ဟာမျိုးတွေကို မမြင်ရနိုင်ပြန်ဘူး..

အဲဒီလို ပေ ၅၀၀ လောက်အမြင့်ကနေကြည့်တဲ့ အမြင်မျိုးနဲ့ မြို့နယ်တစ်ခုလုံးစာလောက် မြေပုံကြီးကြီးကို Save လုပ်ချင်တယ်ဆိုရင် ဖြစ်နိုင်ပါသလား..

အဖြေကတော့ ဖြစ်နိုင်ပါတယ်ခင်ဗျာ..

အဲဒီအတွက် လိုအပ်မှာကတော့ Mozila Firefox Browser နဲ့ Screengrabber ဆိုတဲ့ Addon လေးရှိရင် တော်တော်အဆင်ပြေသွားပါပြီ.. စမ်းကြည့်ရအောင်..

Mozilla firefox Browser ကို ဖွင့်လိုက်ပါ..
ပြီးရင် http://addons.mozilla.org ကို သွားလိုက်ပါ..

အဲဒီမှာ Search for Add-ons ဆိုတဲ့ ဘောက်စ်လေးထဲမှာ Screengrab လို့ ရိုက်ထည့်ပြီး ဘေးက within ဆိုတဲ့ ဘောက်စ်ထဲမှာတော့ All Add-ons ဆိုတဲ့အတိုင်းလေးထားပြီး ရှာလိုက်မယ်ဆိုရင် Screengrab ဆိုတဲ့ Add-on ရှိတဲ့နေရာကို ရောက်သွားပါလိမ့်မယ်.. ကောင်းပြီ.. သူ့ဘေးက Download now ကို နှိပ်လိုက်ပြီး တော့ Install လုပ်လိုက်ပါမယ်.. အဲဒါတွေပြီးသွားပြီဆိုရင်တော့ firefox ရဲ့ အောက်ခြေ ညာဘက်ထောင့်မှာ Screengrab icon လေးပေါ်နေတာကို တွေ့ရပါလိမ့်မယ်.. ဒါကတော့ ပြင်ဆင်တဲ့အပိုင်းပါ..

ကျွန်တော်တို့ maps.google.com ကို သွားပြီးတော့ Search bar မှာ yangon လို့ ရိုက်ထည့်ပြီး ရှာလိုက်ပါတယ်.. မကြာခင်မှာပဲ ရန်ကုန်မြို့ ရဲ့ ရှစ်မိုင် မြို့လည်ခေါင်ကို ဗဟိုပြုထားတဲ့မြေပုံကိုတွေ့ရပါမယ်.. မိမိစိတ်ကြိုက် View ကို ချဲ့ကြည့်လိုက်ပါအုံး.. ကျွန်တော်ကတော့ ခန့်မှန်းကောင်းကင် မီတာ ၅၀၀ လောက်အမြင့်ကနေ ကြည့်လိုက်ပါတယ်.. အိုကေ.. အမြင်အားဖြင့် စိတ်ကြိုက်ဖြစ်ပြီဆိုရင် အရွယ်အစားကြီးကြီးရဖို့ ဆက်လုပ်ကြမယ်..

မြေပုံရဲ့ အထက် ညာဘက်ထောင့်မှာရှိတဲ့ Link ဆိုတာကို နှိပ်လိုက်ရင် ကျွန်တော်တို့ကြည့်ထားတဲ့ ဒီမြေပုံရဲ့ တည်နေရာLink ကို Email Link အနေနဲ့ ရော Website တွေမှာကြည့်လို့ရမယ့် Embeded link အနေနဲ့ ရော တွေ့ရမှာပါ.. အခုကျွန်တော်တို့က embeded link ထဲမှာရှိတဲ့ code တွေကို Copy ကူးလိုက်ပါမယ်..



အဲဒီ ကုတ်တွေက ဒီလို ရလာမယ်ဆိုပါတော့....



ဟုတ်ကဲ့ .. အခု ကျွန်တော်တို့ Start =>Run ကိုနှိပ်ပြီး notepad လို့ရိုက်ထည့်လိုက်မယ်.. ပြီးရင် Ok ကို ပေးလိုက်မယ်ဆိုရင် notepad ပရိုဂရမ်လေးက ပွင့်လာပါတယ်.. အဲဒီအထဲမှာ

<.html>
<.body>
XXXXXXXX
<./body>
<./html>


ဆိုပြီး ရိုက်ထည့်လိုက်ပါမယ်..(တကယ်လုပ်ရင်အစက်ကလေးတွေ မထည့်ပါနဲ့) ဒီလောက်ကတော့ HTML ကိုနည်းနည်းလေး လေ့လာဖူးတဲ့သူဆိုရင် သိမှာပါ..Web စာမျက်နှာလေးလုပ်ဖို့ မပါမဖြစ်တဲ့ အနည်းဆုံး Code လေးပါပဲ..
အခု XXXXXXXX လေးတွေ ရေးထားတဲ့နေရာမှာ Google Map က ကူးလာတဲ့ Code ကို ကို Ctrl +v နှိပ်ပြီး ထည့်လိုက်ပါမယ်.. ဒီလိုဖြစ်သွားမယ်..



<.html><.body><./body><./html> တို့မှာပါတဲ့အစက်ကလေးတွေကို ထည့် မရိုက်ရပါဘူးနော်.. အစက်ကလေးတွေက ဒီစာမျက်နှာမှာ HTML code တွေကိုမြင်ရအောင် အပိုထည့်ထားရတာ..

ကဲ ... လက်ရှိအခြေအနေမှာ < width="425" height="350" file =""> Open File ကို ခေါ်ပြီး Desktop ပေါ်က LargeMap.html နာမည်နဲ့ ဖိုင်ကို ဖွင့်လိုက်ပါမယ်.. ဒါဆိုရင် Firefox ဟာ Google Map မြေပုံအကြီးကြီးတစ်ချပ်ကို ဆွဲတင်နေတာကို တွေ့ရပါမယ်..
ကွန်ပျူတာကောင်းရင်/ကော်နက်ရှင်ကောင်းရင်ကောင်းသလို မြန်ပါမယ်.. ကျွန်တော်တို့ပြင်လိုက်တဲ့ မြေပုံအရွယ်အစား ကိန်းဂဏန်း ကြီးရင် ကြီးသလို ကြာမယ် ကိန်းဂဏန်းငယ်ရင် ငယ်သလို မြန်မယ်ပေါ့ဗျာ.. ဒါပေမယ့် အခုပြင်လိုက်တဲ့အရွယ်ထက်တော့ မကြီးသင့်ဘူး..

အခုနောက်ဆုံး မြေပုံအကြီးကြီးတစ်ချပ်ကို ကျွန်တော်တို့ မြင်နေရပါပြီ ... ဒီမြေပုံကြီးကို Save လုပ်ဖို့အတွက် firefox ရဲ အောက်ခြေ Status Bar ညာဘက်ထောင့်က Screen Grab icon လေးပေါ်မှာ Click တစ်ချက်နှိပ်ပြီး Save => Complete Page/Frame ကို နှိပ်မယ်ဆိုရင်.. အခုမြင်နေရတဲ့မြေပုံကြီးတစ်ချပ်လုံးကို သိမ်းဖို့ Box တစ်ခုပေါ်လာပါမယ်..
PNG သို့မဟုတ် JPG Format နဲ့သိမ်းနိုင်ပါတယ်..

Google Map မြေပုံ ကြီးကြီးနဲ့ View ကောင်းကောင်းရအောင် ပြုလုပ်တဲ့နည်းလေး ဒီမှာတင် ပြီးဆုံးပါတယ်.. အဆင်ပြေကြပါစေ..
(အင်တာနက်ပေါ်မှတွေ့သော နည်းစနစ်ကို အင်တာနက်ပေါ်တွင် ပြန်လည်ဖြန့်ဝေပါသည်...)

သောက်ရေးမပါ Win Vista ..
လူပြောများလို့ သုံးကြည့်တာ..
Driver တလွဲ သောက်ရှက်ကွဲ
အလကားရလို့ ငါမဆဲ..
အသည်းစွဲ XP ပိတ်တော့မည်..
စိတ်တော့အတော်နာမိသည်..
အိုင်တီနယ်ကို အမှုန့်ကြိတ်
သောက်ရမ်းလုပ်တဲ့ မောင် Bill Gate
သောက်ရေးမပါ Win Vista
မကောင်းပြောရင်း သုံးကြမှာ...
မြန်မာ IT တိုးတက်ရေး ခိုးကူးပြီးတော့
သုံးစို့လေး...

(အွန်လိုင်းပေါ်မှ အလကားရသော Windows Vista Home Premium ကို ပိုင်ရှင်မျက်နှာမကြည့်စတမ်း သုံးရင်း.. အမနာပ ပြောသော စီခေရဇီဖြစ်ပါသည်... အဟီး)

လမ်းခွဲစကား

ဘ၀တလျှောက်မှာ
ခြောက်သွေ့မှုအတိနဲ့ အကျည်းတန်ညတွေ
ဆုံးလေတယ်လို့မမြင်သေးပါ...

ငတ်မွတ်သော နှလုံးသားအတွက်
ကျောက်စက်စိမ့်စမ်း မေတ္တာပန်းတွေရယ်
နှင်းစက် လင်းလက် ၀င်းပတဲ့မနက်ခင်းတွေရယ်..
ပီပြင် ကြည်လင် ဖြူစင်တဲ့ စိတ်အတွေးရယ်ဆိုတာလည်း
နည်းနည်းမှ မရသေးပါ...

ခံစားချက်... ရင်ခုန်သံ
အချစ် သံစဉ် ၀ိဥာဉ်ကင်း
ရင်တွင်းကချစ်ရသမျှကိုတောင်
ဖွင့်ဟဖို့အတွက် လျှို့ဝှက်နေရသေးသူပါ..

ငါ ညာခဲ့တယ်....
ဒါပေမယ့် ညာတယ်လို့တော့မဟုတ်ဘူး
ရူးသွပ်တဲ့ဇာတ်ဆရာက ဖန်တီးတာပါ..

သနားစဖွယ် နားမလည်ရှာတဲ့
အားငယ်သူတွေကို နားလည်ကူဖို့
အနာဂတ်မဲ့သူတွေကို လမ်းပြဖို့
မသေချာသေးတဲ့ဘ၀တွေကို
ရေရေရာရာ ဖေးမဖို့
ဘ၀ကိုလမ်းခင်း...
အလျားမှောက်ပေးလို့
နင်းစေခဲ့ရတယ်ဆိုရင်
ဒါဟာပုံပြင်လို့မှတ်နော်.....

အမှန်ပြောရင်
သံယောဇဉ်တွေတလှေကြီးနဲ့
ရှိနေပြီးသားလို့ ယူဆတဲ့ဘ၀တခုဟာ
လှနေပြီးသားလို့ထင်ရတဲ့ကမ္ဘာလေးတခွင်မှာ
ဇာတ်စင်ပေါ်က ကန့်လန့်ကာနောက်
ပေါက်ကရလေးဆယ် အဖြစ်အပျက်တွေရှိသေးတယ်..
ဒါဟာလည်း တကယ်တော့ ပုံပြင်ပဲ ထားပါ..

ရှင်းပြရမလား...
တကယ်တော့ ဒါတွေက
............................................
............................................
............................................
ဒီလိုရှိပါတယ်...
မသိစေချင်ပေမယ့်
ဒါဟာလည်း ပုံပြင်ပဲ....

အတော်ကံကောင်းတာက
အသည်းကွဲရပေမယ့်
မင်းဘ၀အတွက်တန်ပါတယ်..
ယူကြုံးမရ နောင်တများစွာနဲ့
မင်းရဲ့ဘ၀မှာ ဝေးခဲ့ပြီ..

ထိုက်သူသာ ပန်ပါစေ...
ပန်းဆိုတာ မကြွေခင်သာ အဖိုးထိုက်တယ်
မေ့လိုက်ကြမယ်လေ..

တိတ်တဆိတ်နဲ့
ဆုတော့တောင်းမယ်
နာကျည်းရင်နာကျည်းသွားပါစေ..
မုန်းတီးမသွားပါစေနဲ့ ... လို့

Nargis Presentation

မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ နာဂစ်မုန်တိုင်းကြီးနဲ့ပတ်သက်လို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် အပြည်ပြည်ဆိုင်ရာက လှူဒါန်းဖို့ ကတိက၀တ်ပြုကြတဲ့ ညီလာခံမှာ တင်ဆက်ခဲ့တဲ့ ဗီဒီယိုဖိုင်ပါ... နိုင်ငံတော်အစိုးရပိုင်ဖြစ်ပါတယ်... ကြည့်ယုံပဲရမှာမို့ စိတ်တော့မဆိုးနဲ့ ...




ဒီညီလာခံမှာ ကုလအထွေထွေအတွင်းရေမှူးချုပ်က နိုင်ငံတော်အစိုးရရဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုကို အသိအမှတ်ပြု ချီးကျူးခဲ့ပြီး အပြည်ပြည်ဆိုင်ရာ အထောက်အပံ့နဲ့ ကျွမ်းကျင်သူ များကို လက်ခံခဲ့တဲ့အတွက် ၀မ်းသာ ကြိုဆိုကြောင်း မိန့်ခွန်း ပြောကြားခဲ့ကြောင်းပါခင်ဗျာ..

Kaspersky ဟာ ကွန်ပျူတာလုံခြုံမှုအတွက် အဖြေဖြစ်တယ်လို့ လူတော်တော်များများက ယုံကြည်လာတဲ့အချိန်မှာ တပြိုက်နက်ကြုံတွေ့လာရတာကတော့ လိုင်စင်ကီး ပြဿနာပဲဖြစ်ပါတယ်... သူ့ရဲ့အကျိုးစီးပွား မထိခိုက်မနစ်နာစေဖို့ အတွက် လိုင်စင်ကီးကို နှစ်အပိုင်းအခြား အလိုက်ရောင်းဝယ်ခြင်းနဲ့ Data Base Update တွေထဲမှာ တရားဝင်လိုင်စင်ကီး ဖြစ်မဖြစ် စစ်ဆေးတဲ့ ပရိုဂရမ်တွေ ထည့်ပေးထားပါတယ်... အကယ်၍ သင့်လိုင်စင်ကီးဟာ တရာဝင်မဟုတ်ဘူးဆိုရင်တော့ black list အသွင်းခံရမှာဖြစ်ပြီး Online update ခွင့်မပြုခြင်းနဲ့ Task bar ပေါ်က Kaspersky icon လေး မှိန်သွားပြီး အပြည့်အ၀ အလုပ်မလုပ်တော့တာမျိုး ကြုံလာပါလိမ့်မယ်... အဲဒီတော့ချစ်မိတ်ဆွေတို့ .. တရားဝင်လိုင်စင်ကီး ၀ယ်ကြမလား... ဒါဆိုရင်တော့ အလကားသုံးရတဲ့သူတွေ အရမ်းနစ်နာသွားမှာပေါ့... ဟဲ..ဟဲ.. (သနားစရာကောင်းလိုက်တာ..) ဘာပဲဖြစ်ဖြစ် တကယ်တရားဝင်ဖြစ်တဲ့လိုင်စင်ကီးတွေလိုချင်ရင် ရနိုင်ပါတယ်... Kaspersky Antivirus အတွက်ရော.. Kaspersky Internet Security အတွက်ပါ Version ပေါင်းစုံအတွက် http://kavkiskey.com/ ကို ချီတက်ကြပါအုံးစို့ဗျာ.... ဘာတွေရနိုင်လဲဆိုတာ အဲဒီက ပြန်လာမှ လာပြန်ပြောကြနော်...

က္ကသိုလ်ကျောင်းသားဘ၀ သင်ခဲ့ရတဲ့ကဗျာတပုဒ်ကိုသတိရမိရဲ့... အကြောင်းကလည်းတိုက်ဆိုင်လာပေသကိုး ဟိုးဘိုးဘွား အတီအတေ ကတည်းက ကြီးမြတ်လှတဲ့ ဂုဏ်အင်္ဂါနဲ့ အရိမဒ္ဒနာပူရလို့ တွင်ခဲ့တဲ့ ပုဂံ၊ သူရဲကောင်းတို့ ထွန်းကားခဲ့ရာ ယဉ်ကျေးမှုရဲ့အနှစ်၊ ရာဇ၀င်သစ်တို့ရဲ့မိခင်၊ ရှင်သန်နေဆဲနှလုံးသားများရဲ့ ပုဂံရဲ့ အလှအကြောင်း တစေ့တစောင်းကြည့်ခဲ့ရသေးတယ်... ပုဂံမှာ ကျွန်တော်တို့ရဲ့ မာန်တွေရှိတယ်၊ ပုဂံမှာ ကျွန်တော်တို့ရဲ့ ဇာတိပုည ဂုဏ်မာနတွေ ရှိတယ်၊ ပုဂံဟာ ကျွန်တော်တို့ရဲ့ ခေတ်ဟောင်းစံ ဖြစ်တယ်၊ တကယ်တော့ ပုဂံလှတယ်ဆိုတာ မြန်မာတိုင်း သိကြပါတယ်... ဒါပေမယ့် ကမ္ဘာကသိအောင်လုပ်ပေးတာကတော့ မြန်မာက သိပ်မပါတာကို တွေ့ရတယ်.. ဘာကြောင့်ဒီလိုပြောရပါသလဲ.. ကမ္ဘာလှည့် ခရီးသွားတွေ ရိုက်ခဲ့တဲ့ ဒီပုံတွေသာ Google Earth လို လူကြည့်များရာတွေမှာ လွှမ်းမိုးထားပါတယ်... မြန်မာပြည်သားကရိုက်ပြီး မြန်မာပြည်သား တင်ထားတဲ့ပို့စ်ရယ်လို့ သိပ်မတွေ့ရသေးဘူး... ဒါပေမယ့် နောင်တချိန်ဖြစ်လာမှာပါလို့တော့ စိတ်ကူးလေးနဲ့ ဖြေသိမ့်မိတယ်... ပုဂံအကြောင်းတွေ ရေးကြပါ... ပုဂံအကြောင်းတွေ တွေးကြပါ.. ခေတ်ဟောင်းစံကို မော်ဒန်ခေတ်ထဲအရောက် ခေါ်ခဲ့ကြပါအုံးလို့...



တေးဆို - ထွန်းထွန်း၊ ကြိုးကြာ
အယ်လ်ဘမ် - မြတ်နိုးခြင်းမိုးတိမ် LIVE SHOW
File Format - WMV (For Zen Media Player)

သိမှတ်ဖွယ်ရာ

နေပြည်တော်မှ ဆက်စပ်နယ်များသို့ ကားလမ်းခရီးများ
နေပြည်တော်မှ ဆက်စပ်နယ်များသို့ မီးရထားလမ်းခရီးများ
နေပြည်တော်စည်ပင်၏ ပညာပေးတင်ဆက်မှုများ
မြန်မာပြည်တယ်လီဖုန်းဧရိယာကုတ်

တေးဆို - အဲလက်စ်၊ ယုဇန

အယ်လ်ဘမ် - မြတ်နိုးခြင်းမိုးတိမ် LIVE SHOW

File Format - WMV (For Zen Media Player)



တေးဆို - R ဇာနည်၊ ဆုန်သင်းပါရ်

အယ်လ်ဘမ် - မြတ်နိုးခြင်းမိုးတိမ် LIVE SHOW

File Format - WMV (For Zen Media Player)



တေးဆို - ဇော်ပိုင်၊ ချောစုခင်
အယ်လ်ဘမ် - မြတ်နိုးခြင်းမိုးတိမ် LIVE SHOW
File Format - WMV (For Zen Media Player)

Ultra surf 8.7

ဘာရယ်ကြောင့်ပဲဆိုဆို တခါတရံမှာ ကျွန်တော်တို့ ပိုမိုသိရှိလိုတာတွေ ရှိတတ်ပါတယ်...
မူပိုင်ခွင့်အရ မသင့်တော်ခြင်းများ၊ အရွယ်မရောက်သေးသူများအတွက် မသင့်တော်ခြင်းများ၊ အခြား တားမြစ် ပိတ်ပင်သင့်သည်များအတွက် Proxy ဆာဗာမှ တားမြစ်ထားတဲ့ Websiteတွေ ရှိပါတယ်... သို့သော် တခါတရံမှာ အဲဒါတွေနဲ့ မဆိုင်တဲ့ အကျုံးမ၀င်တဲ့ Website တွေပါ ရောပြီး ပိတ်နေတာတွေရှိပါတယ်... အဲဒါမျိုးတွေ ကြုံလာခဲ့ရင်တဲ့.. ဘာပဲဖြစ်ဖြစ် အဲဒါကို ထိုးဖောက်ဖြတ်ကျော်ပြီး သွားမယ်ဆိုရင်တော့ သွားလို့ ရပါတယ်တဲ့... သတ္တမနည်းပညာရပ်ဝန်းကနေ တဆင့် ရခဲ့တာပါ... တားမြစ်သူရှိသလို ကျော်ဖြတ်သူတွေလည်းရှိနေမယ်... ကျော်ဖြတ်နေရင် ထပ်ပြီးပိတ်ပင်မယ်.. ဒါကတော့ သံသရာပေါ့.. ဘာပဲဖြစ်ဖြစ် ဆန္ဒရှိလို့စမ်းကြည့်မယ်ဆိုရင်တော့ ဒီအောက်က လင့်မှာ ရနိုင်ပါတယ်... သုံးစွဲခြင်း မသုံးစွဲခြင်းအတွက် တာဝန်မယူသလို ကောင်းတယ်မကောင်းဘူးဆိုတာကိုလည်း စမ်းကြည့်မှပဲ သိနိုင်မယ်ပေါ့..

Ultra surf 8.7

ခြားနားချက်

မပျော်ပါဘူး
မင်းတို့ပြောတဲ့နှစ်ကူးသင်္ကြန်
အမှန်ကတော့ ရူးသွပ်ခြင်းပဲ..
သဲသဲမဲမဲ မင်းတို့ပျော်နေချိန်မှာ
ငါကတော့ ကွန်ယက်တစ်ခုထဲ မျော လို့...။

မပျော်ပါဘူး
မင်းတို့ပြောတဲ့နှစ်ကူးသင်္ကြန်
အမှန်ကတော့ အလွမ်းတွေချည်းပဲ...။
မင်းတို့တတွေ တွဲကနေတဲ့အချိန်
ငါကတော့
အသဲအထုတ်ခံရတဲ့ ရင်ဘတ်ဟက်တက်ကွဲကြီးနဲ့...။

မပျော်ပါဘူး
မင်းတို့ပြောတဲ့ နှစ်ကူးသင်္ကြန်
အမှန်ကတော့ နာကျင်ခြင်းတွေချည်းပဲ...
လည်ချောင်းကွဲမတတ် မင်းတို့သီချင်းဆိုနေချိန်
ငြိမ်သက်စွာ အမှောင်ထုထဲမှာ..
ငါကတော့ သရဲတစ်ကောင်ဖြစ်နေခဲ့...။

မပျော်ပါဘူးကွာ...
မင်းတို့ပြောတဲ့ နှစ်ကူးသင်္ကြန်က...။

စီခရေဇီ

ထိုရောတည အိပ်မက်လှ၍

လမင်းကြယ်စင် သင့်ရင်ခွင်ဝယ်

ကြည်လင်ဝပ်စင်း ခ စေသတည်း....

ညင်းလေနွဲ့နွဲ့ မြူလဲ့လဲ့နှင့်

သဲ့သဲ့သံစဉ် သင့်ရင်ခွင်ဝယ်

သွယ်သွယ်ငြိမ့်ငြိမ် လွင့်စေသတည်း...

ပန်းလွှာပန်းချပ်... နှင်းစက်လက်နှင့်

အိစက်သင်းထုံ တိမ်လွှာဘုံဝယ်

အာရုံတိမ်းမူး မြူးစေသတည်း...

စီခရေဇီ

တေးထဲက ကဗျာ..

ပိတောက်ကြွေနွေတကျော့
ရောက်လေပေါ့ ချစ်သူ.....

ပိတောက်တွေ သစ္စာပျက်လေတော့..
နောက်တနွေနှစ်သာဆက်ပြန်ခဲ့
မျှော်ပါလျက်ပေါ်မလာ
လွမ်းရက်ရှည်ကြာ....

အလှပျက်ကြွေ အနေမှာနွမ်းသူမို့
ကျမျက်ရည် မကြေငြာစတမ်းရယ်လို့
ပန်းမြို့သူတို့ဆိုတဲ့အခါ
ဆွေးသူမှာ ရင်မော...

နွေနှောင်းမြူ ပြန်ချိန်ကျပြီမို့
ရွက်ကြွေစ ပင်ယံပေါ်မှာ
ဖော်မစုံသူနွေဥသြ
လွမ်းသီဖွဲ့နှော.... ။

သူငယ်ချင်းတစ်ယောက်ကို ပေးလိုက်ပြီ ... ဒီရက်ပိုင်းတွေထဲမှာ စိတ်ရူးပေါက်လာတိုင်း ကဗျာဖြစ်နေတယ်... စိတ်ရှိတိုင်း ချရေးရင် မြေပြင်အနှံ့ ပန်းတွေ ပြန့်ကျဲသွားတော့မှာပဲ..... ပိန်လှီခြောက်ကပ်နေတဲ့ နှလုံးသားအတွက် သနားခြင်းဖြင့် မှားယွင်းခွင့်ပြုပါလေ .... တစ်ကိုယ်ရေဘ၀ထဲမှာ ဘာပဲဖြစ်ဖြစ် တခုလောက်တော့ ထည့်ထားလိုက်ချင်သေးတယ်... ဇီးကွက်ကလေး ရှစ်ကြိမ်အော်ပြီးတဲ့နောက် လင်းသွားပြန်ပေါ့ မနက်တခင်း...

စီခရေဇီ

ဒီနေ့တင် နှစ်ခါပေါ့ .. မနက် (၁)နာရီလောက် အိပ်တော့မယ်ကြံတော့ သူငယ်ချင်း သီတဂူက အိပ်မက်လှလှမက်ပါစေ လို့ ဆိုတာနဲ့ အဖျားတက်နေတဲ့ရက်တွေမှာ အိပ်မက်ဆိုးတွေကလည်း မက်နေတော့ စိတ်ထဲမှာ ပေါ်လာတာက အဖေနဲ့အမေပါ... အဲဒါနဲ့ ဂျီတော့မှာတင် ကဗျာလေးတစ်ပိုဒ်ကို ချရေးလိုက်မိတယ်.. ပြီးတော့ ခန ဆက်စဉ်းစားပြီး တပုဒ်ပြည့်အောင် ရေးလိုက်တယ်.. အဲ.. ခု ညနေကျတော့ လာပါပြီ နိုင်းမမ သူ့ကို ထိုင် စ နေရင်းက နိုင်းဘ၀နိုင်းကဗျာ... ဆိုပြီး သူငယ်ချင်းအတွက် ချစ်စနိုး ကဗျာပြောင်လေး ရေးဖြစ်တယ်... ဖတ်ကြည့်နော်...

နိုင်းဘ၀ နိုင်းကဗျာ
အခါလင့်ပြီပ..
မကြာသင့်တာကြာလေကောရယ်လို့
လာရင်ပြောမယ် သေပြီမှတ်
ရှင်ခန်းဖြတ် ကစ်မယ်ကြံ...။
မဟန်သေးပါဘု
ကျန်သေးတာ ဒီတယောက်ပေပ
နောက်တပွေ ပြန်မရနိုင်တော့
ခက်ပေါ့ အတန်တန်...။
မှန်အရှေ့တွင်တဲ့
ဟန်ရေးရယ် ပြန်ကာကြည့်လေမိ
မချိတဲ့သဲဘ၀င် ..အမှန်ပင်ရုပ်ဆိုး..
မိုးခြိမ်းသလိုကြိမ်းရန်မ၀ံ့ပြီပ
မညိမ်းဖွယ် ယိမ်းဖယ်သွားမှာကြောင့်
စိမ်းလေဖွယ် မောင်တပါးကိုဖြင့်..
ထားသက်နှံတိုး....။
မောင်စီခရေဇီ

နှစ်ကူးည၀ယ်
ချစ်စဖွယ်သော တီတာနှောခဲ့
မနောမှန်ပေ ချစ်မိတ်ဆွေလျှင်
ကြည်လင်ဆုမြတ် ခွန်းခြွေအပ်ရာ
“အိပ်မက်လှလှ မက်ပါစေ..” တဲ့။

ထိုရောခဏ
ဟဒယ၀ယ် ဖြာကျပီတိ
ဂွမ်းဆီထိ၍ ပြည့်စုံစေကြောင်း
ရင်မှပေါင်း၍ ထပ်လောင်းတောင်းဆု ခြွေပါသည်..

“ မက်ရပါလို မက်ရလျှင်လည်း
ရင်ကွဲပက်လက် ကြွေသက်မျက်ရည်
ပင်လယ်ဝေမျှ လွမ်းကာတမိ
မြတ်သည့်အိမ်ယာ မိမာတာလျှင်
အိပ်မက်ခွင်သို့ ကြွစေသတည်း....”

“ မက်ရပါလို မက်ရလျှင်လည်း
သဲသဲခိုင်ခိုင် ကျောက်ဆစ်တိုင်နှယ်
ခန့်ထည်ငြီးငြီး ကျေးဇူးကြီးဘိ
မြတ်သည့် ပီတာ အားကိုးရာလျှင်
အိပ်မက်ခွင်သို့ ကြွစေသတည်း...”

စီခရေဇီ (နှစ်ဆန်း ၁ ရက်နေ့ နံနက် ၁ နာရီ ၅ မိနစ်)

Kaspersky Antivirus 7.0.1.32

တနေ့တနေ့ ကွန်ပျူတာထဲမှာ မခေါ်ပဲဝင်လာ၊ မခိုင်းရဘဲ ထင်ရာတွေလျှောက်လုပ်၊ ပိုင်ရှင်ကိုပြန်ပြီး ဒုက္ခလှလှပေး၊ မောင်းထုတ်လို့လည်းမပြန်တဲ့ အကောင်ပလောင်ပေါင်းစုံ သောင်းကျန်းတာခံနေရပြီဆိုရင် Antivirus ဆိုတာကို လူတော်တော်များများက သတိရလာတတ်ကြတယ်... ကျွန်တော်ဆိုရင် အဲဒီ မကောင်းဆိုးဝါးတွေနဲ့ တော်တော် အကျိုးပေးတယ်လို့ဆိုရမယ် .. မကြာမကြာ ထိပ်တိုက်ရင်ဆိုင်ရဖူးတယ် ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ နှောင့်ယှက်ခြင်းခံရဖူးတယ်... Virus ချည်းပဲလားဆိုတော့ မဟုတ်ပြန်ပါဘူး Malware လို ဟာမျိုးတွေကလည်း အထူးတလည်ကို နှောင့်ယှက်တတ်ပြန်ပါတယ်.. အဲဒီတော့ ကျွန်တော်တို့ ဘယ်လိုနည်းနဲ့ ကိုယ့်ရဲ့ကွန်ပျူတာကို ကာကွယ်ရမလဲ... ပထမဆုံးတချက်က လူကိုယ်တိုင် ကာကွယ်ပါ.. flash disk တွေကို မစစ်ဆေးပဲ အလွယ်တကူ Double မ Click လိုက်ပါနဲ့ သေချာအောင်ရှာပါ.. ရှင်းပါ ပြီးမှ ဖွင့်ပါ .. ၀င်သွားပြီးကာမှဆိုရင် အခါနှောင်းသွားနိုင်ပါတယ်.. အများအားဖြင့် ဗိုင်းရပ်စ် နဲ့ စပိုင်ဝဲများဟာ Hidden ဖိုင်တွေ အဖြစ် ၀င်ရောက်လာတာပါ.. အဲဒီတော့ ကိုယ့်စက်မှာ Winrar လို Hidden ဖိုင်တွေကိုပါ မြင်နိုင်တဲ့ Software တင်ထားပါ... အဲဒီနည်းနဲ့ဆိုရင် Flash disk ထိုးပြီးတာနဲ့ Winrar ကနေ အဲဒီ Disk ကို Browse လုပ်ကြည့်ပါ .. ကိုယ်မသိတဲ့ဖိုင်ကို အဲဒီနေရာမှာတင် ဖျက်ပစ်ပါ.. Flash Disk icon အပေါ်ကို Right click လုပ်ကြည့်လိုက်လို့ Open ဆိုတာက အပေါ်ဆုံးမှာ ရှိမနေပဲ Auto တို့ Play တို့ Autorun တို့ က အပေါ်ဆုံးရောက်နေတယ်ဆိုရင် အလုံခြုံဆုံးဖြစ်ရအောင် ဗိုင်းရပ်စ်ရှိတယ်လို့သာသတ်မှတ်လိုက်ပါ .. Win rar နဲ့ အထက်မှာပြောသလို browse လုပ်ရှာ၊ တွေ့ရင်ဖျက်ပစ်၊ ပြီးရင် flash disk ကို ပြန်ဖြုတ်ပြီး နောက်တခေါက် ပြန်တပ်ကြည့်ပါ... Flash Disk icon အပေါ်ကို Right click လုပ်ကြည့်လိုက်လို့ Open ဆိုတာက အပေါ်ဆုံးမှာ ရှိနေရင်တော့ ရှင်းတယ်လို့ သာမန်အားဖြင့် ပြောလို့ရနိုင်ပါတယ်.. ဒါပေမယ့် မသေချာသေးပါ.. အဲဒီတော့ ဘယ်လိုမှ သေချာမှာလဲ... အကောင်းဆုံးလို့နာမည်ကြီးနဲ့ Anti Virus ဆော့ဖ်ဝဲတမျိုးမျိုးကိုတင်ထားပြီး အဲဒါနဲ့ Scan ထိုးကြည့်ပါ ... Scan ထိုးတယ်ဆိုရာမှာလည်း ကိုယ့် Anti Virus Software က ဘယ်လောက် ကောင်းကောင်း Virus Defination က Date out နေပြန်ရင်လည်း အလကားပါပဲ ... အဲဒါကြောင့် Anti Virus ကို အမြဲ Update လုပ်ပါ.. အင်တာနက်မချိတ်တဲ့စက်တွေဆိုရင်လည်း Update ဖိုင်တွေကို ပုံမှန်ကူးပြီး update လုပ်ပေးရပါမယ်.. အမြဲသတိရှိမှသာ ဗိုင်းရပ်စ်ရန်က ကင်းဝေးမှာပါ.. အခု စကားစပ်မိလို့ အကောင်းဆုံးလို့ နာမည်ကျော်နေတဲ့ Kaspersky Antivirus 7.0.1.32 ကို သတ္တမနည်းပညာရပ်ဝန်းမှာ တွေ့ခဲ့လို့ ပြန်လည် ဝေမျှပေးလိုက်ပါတယ်.. လိုင်စင်ကီးဖိုင်ရယ် ၊ Setup ဖိုင်ရယ်.. Key finder ရယ် ပါပြီးသား Zip format ပါ.. အားလုံးပဲ အိုကေကြပါစေ..
Download ဆွဲရန် ပုံပေါ်တွင်နှိပ်ပါ-




အဓိပ္ပါယ်ပြည့်ဝလှတဲ့ သရုပ်ဖော်ချက်တစ်ခုပါ... ပျဉ်းမနားမြို့လယ်လမ်းဆုံမှာရှိပါတယ်... စစ်သည်တော်နှစ်ဦး တစ်ဦးမှာ သေလုမျောပါးဒဏ်ရာနဲ့ နောက်တစ်ဦးကတော့ အသင့်တာဝန်ထမ်းဆောင်နိုင်တဲ့အနေအထား ဒီအနေအထားမှာတောင် မိမိတာဝန်ကို လျစ်လျူမရှုသေးတဲ့ သားကောင်းဇာနည်၊ သက်ခင်ပြတ်လုမှာတောင် အားတင်းပြီး တာဝန်ကို ထမ်းဆောင်နိုင်သူထံ လွှဲပေးခဲ့သေးတယ်... မြင်းပေါ်က လုလင်ရဲ့အသွင်ကိုလည်း ကြည့်စမ်းပါအုံး မိမိမှာရှိနေတဲ့ လုပ်ကိုင်နိုင်စွမ်း၊ အားမာန် ကို ယုံကြည်မှုအပြည့်နဲ့ တာဝန်ကို လက်ကမ်းယူဟန်၊ ကြည့်ရင်းကနေ ရင်ထဲမှာ ဂုဏ်ယူစိတ်တွေ တဖွားဖွားပေါ်ခဲ့ရပါတယ်... “တာဝန် အထွေထွေ ကမ်းလင့်စေ..
တာဝန် အထွေထွေ ငံ့လင့်စေ... မြတ်သောသတ္တိ မြဲခိုင်လေ... မြန်မာ့သားကောင်း ဇာနည်ဆွေ”လို့ မမိတမိ ကာရန်လေးနဲ့ ကဗျာဟန်တောင်း တွေးမိခဲ့ပါသေး...

Babylon Pro 7.0.3.11 ဟာ အဘိဓာန် software တစ်ခုဖြစ်ပြီး Online နဲ့ Offline နှစ်မျိုးလုံး အသုံးချနိုင်တဲ့ Dictionary Software ဖြစ်ပါတယ်... ကမ္ဘာအရပ်ရပ်က ဘာသာစကားတွေအတွက် အဘိဓာန် ဆိုတာဟာ အလွန် အဓိကကျတဲ့ Tarnslator ဖြစ်ပါတယ်... အခုလည်း ဘေဘီလုံ ဆော့ဖ်ဝဲကို အသုံးပြုပြီး အင်္ဂလိပ် မြန်မာ အဘိဓာန်ကို ရွှေမြန်မာတို့ သုံးစွဲနိုင်ရေးအတွက် ပဒုမ္မာဖိုရမ် မှ MonsterOfRock ရဲ့ ဖန်တီးတင်ဆက်မှု ဖြစ်ပါတယ်... Software ကို အရင် Install ပြုလုပ်ရမှာဖြစ်ပါတယ်.. ဘေဘီလုံ ဟာ အခကြေးငွေ ပေးပြီး သုံးစွဲရတဲ့ ဆော့ဖ်ဝဲ ဖြစ်ပါတယ် .. ဒါကြောင့် တရားမ၀င် သုံးစွဲသူတွေ အတွက်ကတော့ Patch လုပ်ပြီးမှသာ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်.. ကျွန်တော်တို့ အဖို့ကတော့ တရားဝင် ၀ယ်သုံးဖို့လည်း အခက်အခဲများစွာ ရှိကြတဲ့အတွက် သူများတကာ Free Share ပေးထားတဲ့ ဟာကိုပဲ လက်တို့ရမှာပါ (အလကားရလို့ စိတ်ဆိုးမလား မသိဘူးနော်...) Installation ပြီးဆုံးသွားတဲ့အခါမှာ Taskbar ထောင့်မှာ Babylon icon ပေါ်လာပါလိမ့်မယ်... အဲဒါကို Right click နှိပ်ပြီး Exit ထွက်ရပါမယ်.. ပြီးတော့ Download ဆွဲရာမှာ ပါလာတဲ့ Patch ဖိုင်လေးကို ကော်ပီကူးပါ... ပြီးရင် Babylon software ကို install လုပ်ထားတဲ့ directory (ဥပမာ- C:\Program Files\Babylon\Babylon-Pro)အောက်မှာသွားပြီး Paste လုပ်ရမှာဖြစ်ပါတယ်... ပြီးရင်တော့ အဲဒီဖိုင်လေးကို Double click နှိပ်ကာ run ရပါမယ်... ပေါ်လာတဲ့ Patch Windows မှာ Patch ကိုနှိပ်ရပါမယ်.. ဒါဆိုရင် ဘေဘီလုံ ဆော့ဖ်ဝဲဟာ Full Version ဖြစ်သွားပါပြီ... အဲဒီကျတော့မှ ဒေါင်းလုပ်ဆွဲထားတဲ့ အထဲက padonma-english-myanmar.bgl ကို Double click နဲ့ run ရမှာဖြစ်ပါတယ်... အခုဆိုရင် ကျွန်တော်တို့ အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို သုံးစွဲနိုင်ပါပြီ၊ လက်ရှိလည်း မြန်မာပြည်မှာ မြန်မာစာအဖွဲ့က ထုတ်တဲ့ အဘိဓာန်စီဒီ ရှိပါတယ်.. သို့သော် ဒီ ဘေဘီလုံဆော့ဖ်ဝဲနဲ့ တွဲဖက် အသုံးပြုတဲ့ နည်းကတော့ စုစုပေါင်း အလွန်ဆုံးမှ 15MB လောက်ပဲရှိမှာဖြစ်တဲ့အတွက် ကွန်ပျူတာအတွက် နေရာ အလွန် သက်သာမှာဖြစ်ပြီး စီဒီသိမ်းရတဲ့ ဒုက္ခလည်း ကင်းသွားမှာဖြစ်ပါတယ်... အဘိဓာန်နဲ့ ပတ်သက်ပြီး မြန်မာစာအဖွဲ့က ထုတ်တဲ့ အင်္ဂလိပ်မြန်မာ အဘိဓာန်အတိုင်း ဘေဘီလုံမှာ ပြောင်းလဲထားတာ ဖြစ်တဲ့အတွက် အားလုံး မှန်ကန်မှုရှိတယ် ဆိုတာ သေချာပါတယ်.. အဓိကကတော့ အင်္ဂလိပ်စာနဲ့ ကင်းကွာဖို့ မဖြစ်နိုင်တော့တဲ့ ကျွန်တော်တို့ ရွှေမြန်မာတွေအတွက် အခမဲ့ အဆင်ပြေစွာအသုံးပြုစေချင်တဲ့ စေတနာနဲ့ ဒီအဘိဓာန်ဖိုင်ကို တည်ဆောက် ဖြန့်ဝေခြင်း ဖြစ်တယ်ဆိုတာ ထင်ရှားလှပါတယ်.. အကျိုးမျှော်လို့ နှိုးဆော်ပေးလိုက်ပါတယ်... အောက်က လင့်ခ်မှာ Download လုပ်နိုင်ပါပြီ


















တပ်မတော်ပန်းခြံ အရှေ့ဘက်ခြမ်း
ပိုလှတာက ည ရှုခင်းတွေက ပိုလှတယ်ဗျ ဒါပေမယ့် ရတဲ့အချိန်ရိုက်ထားရတာလေ... တပ်မတော်နေ့အမီ ပြင်ဆင်နေတယ် ပြီးရင်တော့ ညပါ ရိုက်ပြမယ်နော်...

ဘောဂသီရိ ပွဲရုံတန်းနဲ့ ကားဝင်း ပုံပါ... ဘေးစောင်းလေးပဲ ရိုက်ထားတော့ တစ်တန်းပဲ မြင်ရတယ် အထဲမှာကတော့ သုံးလေးတန်းလောက် ရှိသေးတယ်.. သွားရင်းလာရင်း လွယ်သလို ရိုက်ထားတာလေ...









နေပြည်တော်-ရေဦး လမ်းပိုင်း
နေပြည်တော် - ငတရော် ၁၇၉.၂၅ မိုင်
- ရွာသစ်ကြီး ၁၈၂.၅၀ မိုင်
- မြင်းမူ ၁၉၆.၅၀ မိုင်
- ချောင်းဦး ၂၁၆.၇၅ မိုင်
- မုံရွာ ၂၃၄.၇၅ မိုင်
- ဘုတလင် ၂၅၄.၀၀ မိုင်
- တင်းတိန်ရန် ၂၇၉.၃၇ မိုင်
- ရေဦး ၂၉၀.၃၇ မိုင်

နေပြည်တော်-ရေဦး လမ်းပိုင်း
နေပြည်တော်-ငတရော်၁၇၉.၂၅မိုင်
-ရွာသစ်ကြီး၁၈၂.၅၀မိုင်
-မြင်းမူ၁၉၆.၅၀မိုင်
-ချောင်းဦး၂၁၆.၇၅မိုင်
-မုံရွာ၂၃၄.၇၅မိုင်
-ဘုတလင်၂၅၄.၀၀မိုင်
-တင်းတိန်ရန်၂၇၉.၃၇မိုင်
-ရေဦး၂၉၀.၃၇မိုင်

နေပြည်တော်-မတ္တရာ လမ်းပိုင်း
နေပြည်တော်-သူရဲဈေး၁၆၂.၀၀မိုင်
-အိုးဘို၁၆၄.၀၀မိုင်
-ကဘိုင်၁၆၇.၀၀မိုင်
-တောင်ပြုံး၁၆၉.၀၀မိုင်
-၀ါးရင်းဒုတ်၁၇၂.၀၀မိုင်
-မတ္တရာ၁၇၇.၅၀မိုင်

နေပြည်တော်-မြစ်ကြီးနား လမ်းပိုင်း
နေပြည်တော်-အမရပူရ၁၆၁.၀၀မိုင်
-ရွှေကြက်ယက်၁၆၃.၀၀မိုင်
-စစ်ကိုင်း၁၆၇.၀၀မိုင်
-ရွာထောင်၁၆၉.၀၀မိုင်
-၀က်လက်၂၀၃.၂၅မိုင်
-မုဆိုးခြုံ၂၁၀.၇၅မိုင်
-ရွှေဘို၂၁၉.၅၀မိုင်
-ခင်ဦး၂၃၃.၂၅မိုင်
-ထန်းတပင်၂၄၄.၇၅မိုင်
-ကန့်ဘလူ၂၆၅.၂၅မိုင်
ကောလင်း၂၉၀.၇၅မိုင်
ဝန်းသို၃၁၈.၇၅မိုင်
နန်ခမ်း၃၃၄.၂၅မိုင်
မဲဇာ၃၅၀.၇၅မိုင်
အင်းတော်၃၆၀.၇၅မိုင်
နဘား၃၆၅.၀၀မိုင်
ကသာ၃၈၀.၀၀မိုင်
မိုးညှင်း၄၀၈.၇၅မိုင်
နန်းမား၄၁၆.၇၅မိုင်
ဟိုပင်၄၂၆.၇၅မိုင်
မင်းကုန်း၄၄၂.၂၅မိုင်
ဆားမှော်၄၅၀.၂၅မိုင်
မိုးကောင်း၄၆၁.၀၀မိုင်
နမ္မတီး၄၆၇.၀၀မိုင်
မြစ်ကြီးနား၄၉၇.၇၅မိုင်