Babylon Pro 7.0.3.11 ဟာ အဘိဓာန် software တစ်ခုဖြစ်ပြီး Online နဲ့ Offline နှစ်မျိုးလုံး အသုံးချနိုင်တဲ့ Dictionary Software ဖြစ်ပါတယ်... ကမ္ဘာအရပ်ရပ်က ဘာသာစကားတွေအတွက် အဘိဓာန် ဆိုတာဟာ အလွန် အဓိကကျတဲ့ Tarnslator ဖြစ်ပါတယ်... အခုလည်း ဘေဘီလုံ ဆော့ဖ်ဝဲကို အသုံးပြုပြီး အင်္ဂလိပ် မြန်မာ အဘိဓာန်ကို ရွှေမြန်မာတို့ သုံးစွဲနိုင်ရေးအတွက် ပဒုမ္မာဖိုရမ် မှ MonsterOfRock ရဲ့ ဖန်တီးတင်ဆက်မှု ဖြစ်ပါတယ်... Software ကို အရင် Install ပြုလုပ်ရမှာဖြစ်ပါတယ်.. ဘေဘီလုံ ဟာ အခကြေးငွေ ပေးပြီး သုံးစွဲရတဲ့ ဆော့ဖ်ဝဲ ဖြစ်ပါတယ် .. ဒါကြောင့် တရားမ၀င် သုံးစွဲသူတွေ အတွက်ကတော့ Patch လုပ်ပြီးမှသာ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်.. ကျွန်တော်တို့ အဖို့ကတော့ တရားဝင် ၀ယ်သုံးဖို့လည်း အခက်အခဲများစွာ ရှိကြတဲ့အတွက် သူများတကာ Free Share ပေးထားတဲ့ ဟာကိုပဲ လက်တို့ရမှာပါ (အလကားရလို့ စိတ်ဆိုးမလား မသိဘူးနော်...) Installation ပြီးဆုံးသွားတဲ့အခါမှာ Taskbar ထောင့်မှာ Babylon icon ပေါ်လာပါလိမ့်မယ်... အဲဒါကို Right click နှိပ်ပြီး Exit ထွက်ရပါမယ်.. ပြီးတော့ Download ဆွဲရာမှာ ပါလာတဲ့ Patch ဖိုင်လေးကို ကော်ပီကူးပါ... ပြီးရင် Babylon software ကို install လုပ်ထားတဲ့ directory (ဥပမာ- C:\Program Files\Babylon\Babylon-Pro)အောက်မှာသွားပြီး Paste လုပ်ရမှာဖြစ်ပါတယ်... ပြီးရင်တော့ အဲဒီဖိုင်လေးကို Double click နှိပ်ကာ run ရပါမယ်... ပေါ်လာတဲ့ Patch Windows မှာ Patch ကိုနှိပ်ရပါမယ်.. ဒါဆိုရင် ဘေဘီလုံ ဆော့ဖ်ဝဲဟာ Full Version ဖြစ်သွားပါပြီ... အဲဒီကျတော့မှ ဒေါင်းလုပ်ဆွဲထားတဲ့ အထဲက padonma-english-myanmar.bgl ကို Double click နဲ့ run ရမှာဖြစ်ပါတယ်... အခုဆိုရင် ကျွန်တော်တို့ အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို သုံးစွဲနိုင်ပါပြီ၊ လက်ရှိလည်း မြန်မာပြည်မှာ မြန်မာစာအဖွဲ့က ထုတ်တဲ့ အဘိဓာန်စီဒီ ရှိပါတယ်.. သို့သော် ဒီ ဘေဘီလုံဆော့ဖ်ဝဲနဲ့ တွဲဖက် အသုံးပြုတဲ့ နည်းကတော့ စုစုပေါင်း အလွန်ဆုံးမှ 15MB လောက်ပဲရှိမှာဖြစ်တဲ့အတွက် ကွန်ပျူတာအတွက် နေရာ အလွန် သက်သာမှာဖြစ်ပြီး စီဒီသိမ်းရတဲ့ ဒုက္ခလည်း ကင်းသွားမှာဖြစ်ပါတယ်... အဘိဓာန်နဲ့ ပတ်သက်ပြီး မြန်မာစာအဖွဲ့က ထုတ်တဲ့ အင်္ဂလိပ်မြန်မာ အဘိဓာန်အတိုင်း ဘေဘီလုံမှာ ပြောင်းလဲထားတာ ဖြစ်တဲ့အတွက် အားလုံး မှန်ကန်မှုရှိတယ် ဆိုတာ သေချာပါတယ်.. အဓိကကတော့ အင်္ဂလိပ်စာနဲ့ ကင်းကွာဖို့ မဖြစ်နိုင်တော့တဲ့ ကျွန်တော်တို့ ရွှေမြန်မာတွေအတွက် အခမဲ့ အဆင်ပြေစွာအသုံးပြုစေချင်တဲ့ စေတနာနဲ့ ဒီအဘိဓာန်ဖိုင်ကို တည်ဆောက် ဖြန့်ဝေခြင်း ဖြစ်တယ်ဆိုတာ ထင်ရှားလှပါတယ်.. အကျိုးမျှော်လို့ နှိုးဆော်ပေးလိုက်ပါတယ်... အောက်က လင့်ခ်မှာ Download လုပ်နိုင်ပါပြီ

0 comments:

Post a Comment