လက်ဆင့်ကမ်းတာဝန်

အဓိပ္ပါယ်ပြည့်ဝလှတဲ့ သရုပ်ဖော်ချက်တစ်ခုပါ... ပျဉ်းမနားမြို့လယ်လမ်းဆုံမှာရှိပါတယ်... စစ်သည်တော်နှစ်ဦး တစ်ဦးမှာ သေလုမျောပါးဒဏ်ရာနဲ့ နောက်တစ်ဦးကတော့ အသင့်တာဝန်ထမ်းဆောင်နိုင်တဲ့အနေအထား ဒီအနေအထားမှာတောင် မိမိတာဝန်ကို လျစ်လျူမရှုသေးတဲ့ သားကောင်းဇာနည်၊ သက်ခင်ပြတ်လုမှာတောင် အားတင်းပြီး တာဝန်ကို ထမ်းဆောင်နိုင်သူထံ လွှဲပေးခဲ့သေးတယ်... မြင်းပေါ်က လုလင်ရဲ့အသွင်ကိုလည်း ကြည့်စမ်းပါအုံး မိမိမှာရှိနေတဲ့ လုပ်ကိုင်နိုင်စွမ်း၊ အားမာန် ကို ယုံကြည်မှုအပြည့်နဲ့ တာဝန်ကို လက်ကမ်းယူဟန်၊ ကြည့်ရင်းကနေ ရင်ထဲမှာ ဂုဏ်ယူစိတ်တွေ တဖွားဖွားပေါ်ခဲ့ရပါတယ်... “တာဝန် အထွေထွေ ကမ်းလင့်စေ..
တာဝန် အထွေထွေ ငံ့လင့်စေ... မြတ်သောသတ္တိ မြဲခိုင်လေ... မြန်မာ့သားကောင်း ဇာနည်ဆွေ”လို့ မမိတမိ ကာရန်လေးနဲ့ ကဗျာဟန်တောင်း တွေးမိခဲ့ပါသေး...

0 comments:

Post a Comment