ခြားနားချက်

မပျော်ပါဘူး
မင်းတို့ပြောတဲ့နှစ်ကူးသင်္ကြန်
အမှန်ကတော့ ရူးသွပ်ခြင်းပဲ..
သဲသဲမဲမဲ မင်းတို့ပျော်နေချိန်မှာ
ငါကတော့ ကွန်ယက်တစ်ခုထဲ မျော လို့...။

မပျော်ပါဘူး
မင်းတို့ပြောတဲ့နှစ်ကူးသင်္ကြန်
အမှန်ကတော့ အလွမ်းတွေချည်းပဲ...။
မင်းတို့တတွေ တွဲကနေတဲ့အချိန်
ငါကတော့
အသဲအထုတ်ခံရတဲ့ ရင်ဘတ်ဟက်တက်ကွဲကြီးနဲ့...။

မပျော်ပါဘူး
မင်းတို့ပြောတဲ့ နှစ်ကူးသင်္ကြန်
အမှန်ကတော့ နာကျင်ခြင်းတွေချည်းပဲ...
လည်ချောင်းကွဲမတတ် မင်းတို့သီချင်းဆိုနေချိန်
ငြိမ်သက်စွာ အမှောင်ထုထဲမှာ..
ငါကတော့ သရဲတစ်ကောင်ဖြစ်နေခဲ့...။

မပျော်ပါဘူးကွာ...
မင်းတို့ပြောတဲ့ နှစ်ကူးသင်္ကြန်က...။

စီခရေဇီ

0 comments:

Post a Comment