လမ်းခွဲစကား

ဘ၀တလျှောက်မှာ
ခြောက်သွေ့မှုအတိနဲ့ အကျည်းတန်ညတွေ
ဆုံးလေတယ်လို့မမြင်သေးပါ...

ငတ်မွတ်သော နှလုံးသားအတွက်
ကျောက်စက်စိမ့်စမ်း မေတ္တာပန်းတွေရယ်
နှင်းစက် လင်းလက် ၀င်းပတဲ့မနက်ခင်းတွေရယ်..
ပီပြင် ကြည်လင် ဖြူစင်တဲ့ စိတ်အတွေးရယ်ဆိုတာလည်း
နည်းနည်းမှ မရသေးပါ...

ခံစားချက်... ရင်ခုန်သံ
အချစ် သံစဉ် ၀ိဥာဉ်ကင်း
ရင်တွင်းကချစ်ရသမျှကိုတောင်
ဖွင့်ဟဖို့အတွက် လျှို့ဝှက်နေရသေးသူပါ..

ငါ ညာခဲ့တယ်....
ဒါပေမယ့် ညာတယ်လို့တော့မဟုတ်ဘူး
ရူးသွပ်တဲ့ဇာတ်ဆရာက ဖန်တီးတာပါ..

သနားစဖွယ် နားမလည်ရှာတဲ့
အားငယ်သူတွေကို နားလည်ကူဖို့
အနာဂတ်မဲ့သူတွေကို လမ်းပြဖို့
မသေချာသေးတဲ့ဘ၀တွေကို
ရေရေရာရာ ဖေးမဖို့
ဘ၀ကိုလမ်းခင်း...
အလျားမှောက်ပေးလို့
နင်းစေခဲ့ရတယ်ဆိုရင်
ဒါဟာပုံပြင်လို့မှတ်နော်.....

အမှန်ပြောရင်
သံယောဇဉ်တွေတလှေကြီးနဲ့
ရှိနေပြီးသားလို့ ယူဆတဲ့ဘ၀တခုဟာ
လှနေပြီးသားလို့ထင်ရတဲ့ကမ္ဘာလေးတခွင်မှာ
ဇာတ်စင်ပေါ်က ကန့်လန့်ကာနောက်
ပေါက်ကရလေးဆယ် အဖြစ်အပျက်တွေရှိသေးတယ်..
ဒါဟာလည်း တကယ်တော့ ပုံပြင်ပဲ ထားပါ..

ရှင်းပြရမလား...
တကယ်တော့ ဒါတွေက
............................................
............................................
............................................
ဒီလိုရှိပါတယ်...
မသိစေချင်ပေမယ့်
ဒါဟာလည်း ပုံပြင်ပဲ....

အတော်ကံကောင်းတာက
အသည်းကွဲရပေမယ့်
မင်းဘ၀အတွက်တန်ပါတယ်..
ယူကြုံးမရ နောင်တများစွာနဲ့
မင်းရဲ့ဘ၀မှာ ဝေးခဲ့ပြီ..

ထိုက်သူသာ ပန်ပါစေ...
ပန်းဆိုတာ မကြွေခင်သာ အဖိုးထိုက်တယ်
မေ့လိုက်ကြမယ်လေ..

တိတ်တဆိတ်နဲ့
ဆုတော့တောင်းမယ်
နာကျည်းရင်နာကျည်းသွားပါစေ..
မုန်းတီးမသွားပါစေနဲ့ ... လို့

0 comments:

Post a Comment