အမိုးရွှေနန်းကျင်ရဲ့ နောက်ထပ် ကောင်းမှုတစ်ခုကတော့ ဓမ္မာရုံကြီးပါပဲ.. တင့်တင့်တယ်တယ်ရှိလှပါတယ်.. ဟိုဟိုဒီဒီ လျှောက်ကြည့်ရင်း ရင်ပြင်တော်ပေါ် ပြန်တက်လာခဲ့တယ်.. လင်းလက်နေတဲ့ရာသီဥတု.. (တကယ်တမ်း အရမ်းပူနေတာပါ) ကြောင့် ဓါတ်ပုံရိုက်လို့တော့ တော်တော်ကောင်းတယ်.. ကျောက်ပြားတွေ ခင်းထားတဲ့လမ်းမှာ အပူခံ ကျောက်ပြားပေါ်မနင်းရင် ဆွေ့ဆွေ့ခုန်လောက်အောင် ပူတယ်.. အပူခံကျောက်ပြားလှူခဲ့တဲ့သူတွေကို သာဓု အတန်တန်ခေါ်မိပါတယ်.. ရင်ပြင်တော်ပေါ်မှာ သာသနာ့ဝံသာနုရက္ခိတ သိမ်တော်ကြီးကိုလည်း တွေ့ရတယ်.. အဝိုင်းပုံနဲ့ ထူးခြားတဲ့အသွင်ပေါ့.. ဘေးနှစ်ဘက်နံရံတွေမှာတော့ ရုပ်ကြွတွေ လုပ်ထားတာတွေ့ခဲ့ပါတယ်.. သိမ်တော်ကြီးရှေ့က ချောက်ထဲကို ငုံ့ကြည့်လိုက်ရင်တော့ အောက်မှာ အောင်ချမ်းသာဂူကို လှမ်းမြင်ရတယ်.. ပြီးတော့ ရင်ပြင်တော်ဆေးခန်း၊ သုံးထပ်တည်းခိုဆောင်၊ လေးထပ်တိုးချဲ့တည်းခိုဆောင်၊ ကျွန်တော်တို့တည်းတဲ့ ဘုန်းကြီးကျောင်း၊ တိဿဆောင်၊ သီဟဆောင် နတ်တောင်တို့အပေါ် စိတ်ကြိုက် သွားလာလှုပ်ရှားရင်း မှတ်တမ်းလေးတွေ ယူဖြစ်တယ်.. ဘုရားကြီးနားက အာရုံခံတန်ဆောင်းထဲမှာ သံဃာသက်သက်၊ လူသက်သက် အာရုံခံ ဝတ်ပြုနိုင်အောင် လုပ်ထားပေးတာကို တွေ့ရတယ်.. နတ်တောင်နားက မှန်ဘီလူးသုံးလက်နဲ့ အဝေးရှုခင်းတွေ ကိုကြည့်နိုင်တယ်.. စိန်ဖူးတော်ကို ဖူးနိုင်တယ်..

0 comments:

Post a Comment