
ခနနေတော့ သူတို့မေမေ မောပြီ.. တွဲတက်ရတယ်ပေါ့.. ရှေ့က ပိုးဥကတော့ ဘယ်တော

နဂိုစီစဉ်ထားတဲ့အတိုင
်း တည်းခိုဖို့အတွက် ဆက်သွယ်ထားတဲ့ ကိုယ်စားလှယ်ကို သွားတွေ့ပါတယ်.. ရေချိုးဖို့နဲ့ သန့်စင်ခန်း အခက်အခဲအတွက် ကြိုတင်ပြီး ဆက်သွယ်ထားခဲ့ပါတယ်.. ဒါပေမယ့် ဆက်သွယ်ထားပါလျက် အဆင်မပြေတာကို ကြုံရပါတယ်.. ဆင်ခြေပေါင်း သောင်းခြောက်ထောင်နဲ့ ကျွန်တော့်ကို အကြောင်းပြရှာပါတယ်.. ကျွန်တော်ကိုယ်တိုင်လည်း အဲဒါမျိုးအတွက်နဲ့ အကုသိုလ်အဝင်မခံနိုင်ပါဘူး.. ကုသိုလ်ပြုဖို့နဲ့ အနားယူဖို့လာတာပါ.. ဒါကြောင့် အေးအေးဆေးဆေးပဲ ပြန်လှည့်လာခဲ့ပါတယ်.. သက်ဆိုင်ရာပုဂ္ဂိုလ်ဆီကို အဆင်မပြေတဲ့အကြောင်းလေးပဲ ပြန်ပြောလိုက်ပါတယ်.. သူက ပြန်မေးတယ်.. အဲဒါဆို ဘယ်လိုတည်းမှာလဲတဲ့... စိတ်ထဲမှာနည်းနည်း ပိုပြီး မျက်သွားတယ်.. ဘယ်လိုလေး ကျွန်တော်
ထပ်ကြိုးစားပေးပါမယ်လို့မလာပဲကိုး.. အေးအေးပဲပြောလိုက်ပါတယ်.. ပိုက်ဆံပေးပြီး တည်းလိုက်မှာပေါ့ခင်ဗျာ.. လို့..
ကိုယ့်ဆရာ နည်းနည်း အောင့်သက်သက် ဖြစ်သွားတယ်ထင်ပါတယ်.. အဲဒီတော့မှ အဆင်မပြေရင် ဖုန်းထပ်ဆက်ပါအုံးတဲ့.. ဆောရီးပါ.. ကျွန်တော် အဲဒီလောက်ခေါင်းစား မခံတော့ပါ.. အဆင်ပြေသလိုလေးပဲ ပြန်ပြောရင်း ဖုန်းချလိုက်ပါတယ်.. ပြီးတော့ ရင်ပြင်တော်မှာ သုံးထပ်တည်းခိုဆောင်ရှိပါတယ်.. လူတစ်ဦးကို ၂၀၀၀ိ ကျပါတယ်.. မိသားစုလိုက် ငါးယောက် ခြောက်ယောက်ခန်းဆိုရင် ၁၅၀၀၀ိ/ လောက် ကျပါတယ်.. ရေချိုးခန်း အိမ်သာ ပါပြီးသားပါ.. သီးသန့်တော့မဟုတ်ဘူး.. အများနဲ့ တွဲသုံး.. စောင့်ချိုးပေါ့.. ဒါနဲ့ စကားမစပ် ဟိုးတုန်းက ကျွန်တော်တို့တက်ရင် တိဿဆောင်ဘေးက ဘုန်းကြီးကျောင်းမှာ သက်ဆိုင်ရာ ဦးပဉ္ဇင်းကိုလျှောက်ပြီးတော့ အခမဲ့တည်းလို့ရတယ်.. ရေချိုးအိမ်သာ အားလုံးအိုကေတယ်.. လူကျပ်လွန်းရင်သာ ခက်တာ .. အခုလို ပွဲတော်ရက်မဟုတ်ရင် အိုကေတယ်.. သိပြီးသား.. ဘာလို့တစ်သောင်းခွဲ ပေးရမှာတုန်း .. ဘုန်းဘုန်းနဲ့ သွားဆက်သွယ်အုံးမှ...

အတွေးနဲ့အတူ ဘုန်းကြီးကျောင်းဆီ လှမ်းလာခဲ့တယ်.. မိသားစုတွေကတော့ ရင်ပြင်တော်ပေါ်က အရိပ်တစ်နေရာမှာ နားနေကြရဲ့.. ကျောင်းပေါ်တက်ပြီး ဘုန်းဘုန်းကို လျှောက်တော့ အေးအေးဆေးဆေးပဲ.. မှတ်ပုံတင်ယူထားလိုက်တယ်.. အခန်းသော့ ပေးတယ်.. အခန်းက လူ ဆယ်ယောက်လောက် တန်းစီအိပ်လို့ ရတယ်.. မီးချောင်းတစ်ချောင်းထွန်းထားတယ်.. ကဲ ဘာလိုသေးလဲ.. အိပ်ယာလိုတယ်.. ပြဿနာမရှိပါ.. စောင်ခေါင်းအုံးငှားတဲ့ နေရာရှိတယ်.. ဘုန်းကြီးကျောင်းအပြင်ကိုထွက်ပြီး ဆိုင်မှာ သွားငှားတယ်..
ခေါင်းအုံးတစ်လုံး | ၂၀၀ိ | ၂၀၀ိ×၆ | ၁၂၀၀ိ |
စောင်တစ်ထည် | ၅၀၀ိ | ၅၀၀ိ×၃ | ၁၅၀၀ိ |
ဂွမ်းကပ်တစ်ထည် | ၂၀၀၀ိ | ၂၀၀၀ိ×၁ | ၂၀၀၀ိ |
စုစုပေါင်း | ၄၇၀၀ိ |
---|
ကဲ... တော်တော်လေးတော့ ဟုတ်သွားပြီ.. ဒီတော့ ရင်ပြင်တော်ပေါ်ပြန်တက်လာခဲ့တယ်.. ထမင်းစားကြမယ်.. အဲဒီတော့ ရေလိုပြီ.. ရေနွေး တစ်ဗူး ၂၀၀ိ ၊ နှစ်ဗူး ဝယ်တော့ ၄၀၀ိ ကျတယ်ပေါ့.. ရေနွေးဗူးလေးပိုက်ပြီး ပြန်တက်လာရင်း ကင်မရာကို သတိရတယ်.. မြန်မာပြည်အရပ်ရပ်မှာ တွေ့နိုင်ပါတယ်.. တန်ခိုးကြီးဘုရား အတော်များများမှာ မိသားစုကင်မရာတွေ အခွန်ဆောင်ရပါတယ်.. ဘာဖြစ်လဲ ဆောင်မယ်.. ၅၀၀ိ ပေးရပါတယ်.. ကောက်ခံသူက ကတ်လေးတစ်ကတ် ကင်မရာလွယ်ကြိုးမှာ ချိတ်ပေးလိုက်ပါတယ်.. တစ်တောင်လုံးရိုက်ခွင့်ရှိလားဆိုတော့ ရှိတယ်တဲ့.. အိုကေပါ.. အဆင်ပြေသွားပြီ နတ်တောင်ဘေးက သစ်ပင်ရိပ်မှာ မိသားစု ဝိုင်းဖွဲ့ ထမင်းစားကြတယ်လေ..


Labels: အထွေထွေ
0 comments:
Subscribe to:
Post Comments (Atom)