မြန်မာ့ရုပ်မြင်မှာ နောက်ခံစောင်းသံလေးတွေ ကြားဖူးကြလိမ့်မယ်..
ဇာတ်လမ်းတချို့မှာလည်း ကြားဖူးကောင်းကြားဖူးကြလိမ့်မယ်..

စောင်းသံဟာ ကျက်သရေမင်္ဂလာအဖြာဖြာနဲ့ပြည့်စုံတဲ့အသံတယ်လို့ မြန်မာလူမျိုးတွေက လက်ခံထားကြပါတယ်.. ဘာလို့လဲဆိုတော့ စောင်းကို မင်္ဂလာရှိတဲ့ အောင်ပွဲ ၊ မင်္ဂလာပွဲ တွေမှာပဲ သုံးတာဖြစ်လို့ပါ.. ပိုးကြိုးကို လက်ဖျားလေးနဲ့ခတ်လိုက်တဲ့အသံဟာ စူးရှ ကျယ်လောင်မနေပါဘူး.. ငြိမ့်ငြောင်းနွဲ့နှောင်းလှတာကို နားဆင်ကြရမှာပါ.. လွန်ခဲ့တဲ့လက [CTC (92)] အဖွဲ့တွေအတွက် ကျွန်တော် မှတ်တမ်းဗီစီဒီလေး လုပ်ပေးခဲ့ရတယ်.. အဲဒီမှာ နောက်ခံစကားပြောလေးနဲ့အတူ စောင်းသံလေးတွေ ကျွန်တော်ထည့်ခဲ့ပါတယ်.. အဲဒီဗီစီဒီလေးကြည့်ရတာ စနေနေ့ မှာ မြန်မာ့ရုပ်သံက လာတဲ့ တစ်ပါတ်စာ သတင်းကားလေး ပြန်ကြည့်ရသလိုပဲလို့ မှတ်ချက်ချခံရပါတယ်..

ကျွန်တော့်မှာ စောင်း လှိုင်ဝင်းမောင်ရဲ့ တီးလုံးသက်သက် Audio သုံးခွေရှိပါတယ်.. မာစတာခွေတွေချည်းပဲ ဝယ်ပြီး Rip ထားတာပါ.. မြန်မာတို့ရဲ့ ငြိမ့်ညောင်းတဲ့ ဂီတကို မြတ်နိုးသော်လည်း ဝယ်ရခက်ခဲတဲ့ဒေသတွေမှာ ရောက်ရှိနေတဲ့ မိတ်ဆွေများအတွက်၊ ဗီဒီယို Editing လိုမျိုး စမ်းသပ် ဆော့ကစားချင်တဲ့ မိတ်ဆွေများအတွက် ဒါမှမဟုတ်လည်း ဘာပဲဖြစ်ဖြစ် တခုခု လုပ်ချင်သူတွေအတွက်ပေါ့ဗျာ..

ဆန္ဒအရင်းခံကတော့ မူရင်း စီဒီကို ဝယ်သုံးစေချင်တာပါ.. မြန်မာဂီတသမားတွေအတွက် တည်မြဲစွာ ရပ်တည်နိုင်ဖို့ပေါ့... သို့သော်.. ဝယ်ရမယ်ဆိုလည်း တော်ယုံနဲ့တော့ ဘယ်သူမှ စိတ်ဝင်စားမှာမဟုတ်ဘူးဗျ.. ဒါကြောင့် ပြန့်ပွားပါစေဆိုတဲ့ဆန္ဒကိုသာ ဦးစားပေးပြီး တင်ပေးလိုက်ပါတယ်..


2 comments:

At July 22, 2010 at 8:29 AM Anonymous said...

သီချင်းတွေ ဒေါင်းလို့မရဖြစ်နေတယ်ဗျ .. အဆင်ပြေမယ်ဆိုရင် ထပ်တင်ပေးပါ့လား ... ကျေးဇူးတင်ပါသည်။

 
At September 19, 2018 at 7:01 PM moeminsoe said...

ဝင်လို့မးဘူးဖြစ်နေတယ် တခြားနည်းနဲ့တင်ပေးပါလား Utube ကနေပဲဖြစ်ဖြစ်ပေါ့

 

Post a Comment