သို့သော် ကျွန်တော်တို့ Print ထုတ်ယူမယ်ဆိုရင်တော့ အခုလက်ရှိ ကြည့်ရှုနေတဲ့ Mornitor Screen တစ်ခုစာကိုပဲ ထုတ်ယူလို့ရမှာပါ.. Zoom ကြီးကြီး ချဲ့ကြည့်ထားရင် မြင်ရတဲ့ပုံ က ဧရိယာ ကျဉ်းမယ်.. ဧရိယာကျယ်ကျယ်ကို လိုချင်ချင်ရင် မြင်ရတဲ့ပုံက မြို့ကွက်တွေဘာတွေကို မြင်ရမှာမဟုတ်ဘူး.. (Zoom သေးမယ်)
ကျွန်တော်တို့က ကောင်းကင်အမြင့် ပေ ၅၀၀ လောက်ကနေ ကြည့်မယ်ဆိုရင် မြို့ကွက်လိုဟာမျိုး အဆောက်အဦးလိုဟာမျိုးတွေကို တွေ့ရနိုင်တယ်.. အဲဒီ View အတိုင်း Print ထုတ်ရင်တော့ မြို့နယ်တစ်ခုစာ မြေပုံ မရနိုင်ဘူး..မြို့နယ်တစ်ခုလုံးစာမြေပုံကို Print ထုတ်ချင်ရင် ကောင်းကင်အမြင့်ပေ ၂၀၀၀ လောက်ကကြည့်မှ အိုကေလောက်မယ်ထင်တယ်.. ဒါဆိုရင်လည်း မြို့ကွက်လို ဟာမျိုးတွေကို မမြင်ရနိုင်ပြန်ဘူး..
အဲဒီလို ပေ ၅၀၀ လောက်အမြင့်ကနေကြည့်တဲ့ အမြင်မျိုးနဲ့ မြို့နယ်တစ်ခုလုံးစာလောက် မြေပုံကြီးကြီးကို Save လုပ်ချင်တယ်ဆိုရင် ဖြစ်နိုင်ပါသလား..
အဖြေကတော့ ဖြစ်နိုင်ပါတယ်ခင်ဗျာ..
အဲဒီအတွက် လိုအပ်မှာကတော့ Mozila Firefox Browser နဲ့ Screengrabber ဆိုတဲ့ Addon လေးရှိရင် တော်တော်အဆင်ပြေသွားပါပြီ.. စမ်းကြည့်ရအောင်..
Mozilla firefox Browser ကို ဖွင့်လိုက်ပါ..
ပြီးရင် http://addons.mozilla.org ကို သွားလိုက်ပါ..
အဲဒီမှာ Search for Add-ons ဆိုတဲ့ ဘောက်စ်လေးထဲမှာ Screengrab လို့ ရိုက်ထည့်ပြီး ဘေးက within ဆိုတဲ့ ဘောက်စ်ထဲမှာတော့ All Add-ons ဆိုတဲ့အတိုင်းလေးထားပြီး ရှာလိုက်မယ်ဆိုရင် Screengrab ဆိုတဲ့ Add-on ရှိတဲ့နေရာကို ရောက်သွားပါလိမ့်မယ်.. ကောင်းပြီ.. သူ့ဘေးက Download now ကို နှိပ်လိုက်ပြီး တော့ Install လုပ်လိုက်ပါမယ်.. အဲဒါတွေပြီးသွားပြီဆိုရင်တော့ firefox ရဲ့ အောက်ခြေ ညာဘက်ထောင့်မှာ Screengrab icon လေးပေါ်နေတာကို တွေ့ရပါလိမ့်မယ်.. ဒါကတော့ ပြင်ဆင်တဲ့အပိုင်းပါ..
ကျွန်တော်တို့ maps.google.com ကို သွားပြီးတော့ Search bar မှာ yangon လို့ ရိုက်ထည့်ပြီး ရှာလိုက်ပါတယ်.. မကြာခင်မှာပဲ ရန်ကုန်မြို့ ရဲ့ ရှစ်မိုင် မြို့လည်ခေါင်ကို ဗဟိုပြုထားတဲ့မြေပုံကိုတွေ့ရပါမယ်.. မိမိစိတ်ကြိုက် View ကို ချဲ့ကြည့်လိုက်ပါအုံး.. ကျွန်တော်ကတော့ ခန့်မှန်းကောင်းကင် မီတာ ၅၀၀ လောက်အမြင့်ကနေ ကြည့်လိုက်ပါတယ်.. အိုကေ.. အမြင်အားဖြင့် စိတ်ကြိုက်ဖြစ်ပြီဆိုရင် အရွယ်အစားကြီးကြီးရဖို့ ဆက်လုပ်ကြမယ်..
မြေပုံရဲ့ အထက် ညာဘက်ထောင့်မှာရှိတဲ့ Link ဆိုတာကို နှိပ်လိုက်ရင် ကျွန်တော်တို့ကြည့်ထားတဲ့ ဒီမြေပုံရဲ့ တည်နေရာLink ကို Email Link အနေနဲ့ ရော Website တွေမှာကြည့်လို့ရမယ့် Embeded link အနေနဲ့ ရော တွေ့ရမှာပါ.. အခုကျွန်တော်တို့က embeded link ထဲမှာရှိတဲ့ code တွေကို Copy ကူးလိုက်ပါမယ်..
အဲဒီ ကုတ်တွေက ဒီလို ရလာမယ်ဆိုပါတော့....
<.html>
<.body>
XXXXXXXX
<./body>
<./html>
အခု XXXXXXXX လေးတွေ ရေးထားတဲ့နေရာမှာ Google Map က ကူးလာတဲ့ Code ကို ကို Ctrl +v နှိပ်ပြီး ထည့်လိုက်ပါမယ်.. ဒီလိုဖြစ်သွားမယ်..
ကဲ ... လက်ရှိအခြေအနေမှာ < width="425" height="350" file =""> Open File ကို ခေါ်ပြီး Desktop ပေါ်က LargeMap.html နာမည်နဲ့ ဖိုင်ကို ဖွင့်လိုက်ပါမယ်.. ဒါဆိုရင် Firefox ဟာ Google Map မြေပုံအကြီးကြီးတစ်ချပ်ကို ဆွဲတင်နေတာကို တွေ့ရပါမယ်..
ကွန်ပျူတာကောင်းရင်/ကော်နက်ရှင်ကောင်းရင်ကောင်းသလို မြန်ပါမယ်.. ကျွန်တော်တို့ပြင်လိုက်တဲ့ မြေပုံအရွယ်အစား ကိန်းဂဏန်း ကြီးရင် ကြီးသလို ကြာမယ် ကိန်းဂဏန်းငယ်ရင် ငယ်သလို မြန်မယ်ပေါ့ဗျာ.. ဒါပေမယ့် အခုပြင်လိုက်တဲ့အရွယ်ထက်တော့ မကြီးသင့်ဘူး..
အခုနောက်ဆုံး မြေပုံအကြီးကြီးတစ်ချပ်ကို ကျွန်တော်တို့ မြင်နေရပါပြီ ... ဒီမြေပုံကြီးကို Save လုပ်ဖို့အတွက် firefox ရဲ အောက်ခြေ Status Bar ညာဘက်ထောင့်က Screen Grab icon လေးပေါ်မှာ Click တစ်ချက်နှိပ်ပြီး Save => Complete Page/Frame ကို နှိပ်မယ်ဆိုရင်.. အခုမြင်နေရတဲ့မြေပုံကြီးတစ်ချပ်လုံးကို သိမ်းဖို့ Box တစ်ခုပေါ်လာပါမယ်..
PNG သို့မဟုတ် JPG Format နဲ့သိမ်းနိုင်ပါတယ်..
Google Map မြေပုံ ကြီးကြီးနဲ့ View ကောင်းကောင်းရအောင် ပြုလုပ်တဲ့နည်းလေး ဒီမှာတင် ပြီးဆုံးပါတယ်.. အဆင်ပြေကြပါစေ..
(အင်တာနက်ပေါ်မှတွေ့သော နည်းစနစ်ကို အင်တာနက်ပေါ်တွင် ပြန်လည်ဖြန့်ဝေပါသည်...)
Labels: နည်းပညာ
သောက်ရေးမပါ Win Vista ..
လူပြောများလို့ သုံးကြည့်တာ..
Driver တလွဲ သောက်ရှက်ကွဲ
အလကားရလို့ ငါမဆဲ..
အသည်းစွဲ XP ပိတ်တော့မည်..
စိတ်တော့အတော်နာမိသည်..
အိုင်တီနယ်ကို အမှုန့်ကြိတ်
သောက်ရမ်းလုပ်တဲ့ မောင် Bill Gate
သောက်ရေးမပါ Win Vista
မကောင်းပြောရင်း သုံးကြမှာ...
မြန်မာ IT တိုးတက်ရေး ခိုးကူးပြီးတော့
သုံးစို့လေး...
(အွန်လိုင်းပေါ်မှ အလကားရသော Windows Vista Home Premium ကို ပိုင်ရှင်မျက်နှာမကြည့်စတမ်း သုံးရင်း.. အမနာပ ပြောသော စီခေရဇီဖြစ်ပါသည်... အဟီး)
Labels: ကဗျာ
ဘ၀တလျှောက်မှာ
ခြောက်သွေ့မှုအတိနဲ့ အကျည်းတန်ညတွေ
ဆုံးလေတယ်လို့မမြင်သေးပါ...
ငတ်မွတ်သော နှလုံးသားအတွက်
ကျောက်စက်စိမ့်စမ်း မေတ္တာပန်းတွေရယ်
နှင်းစက် လင်းလက် ၀င်းပတဲ့မနက်ခင်းတွေရယ်..
ပီပြင် ကြည်လင် ဖြူစင်တဲ့ စိတ်အတွေးရယ်ဆိုတာလည်း
နည်းနည်းမှ မရသေးပါ...
ခံစားချက်... ရင်ခုန်သံ
အချစ် သံစဉ် ၀ိဥာဉ်ကင်း
ရင်တွင်းကချစ်ရသမျှကိုတောင်
ဖွင့်ဟဖို့အတွက် လျှို့ဝှက်နေရသေးသူပါ..
ငါ ညာခဲ့တယ်....
ဒါပေမယ့် ညာတယ်လို့တော့မဟုတ်ဘူး
ရူးသွပ်တဲ့ဇာတ်ဆရာက ဖန်တီးတာပါ..
သနားစဖွယ် နားမလည်ရှာတဲ့
အားငယ်သူတွေကို နားလည်ကူဖို့
အနာဂတ်မဲ့သူတွေကို လမ်းပြဖို့
မသေချာသေးတဲ့ဘ၀တွေကို
ရေရေရာရာ ဖေးမဖို့
ဘ၀ကိုလမ်းခင်း...
အလျားမှောက်ပေးလို့
နင်းစေခဲ့ရတယ်ဆိုရင်
ဒါဟာပုံပြင်လို့မှတ်နော်.....
အမှန်ပြောရင်
သံယောဇဉ်တွေတလှေကြီးနဲ့
ရှိနေပြီးသားလို့ ယူဆတဲ့ဘ၀တခုဟာ
လှနေပြီးသားလို့ထင်ရတဲ့ကမ္ဘာလေးတခွင်မှာ
ဇာတ်စင်ပေါ်က ကန့်လန့်ကာနောက်
ပေါက်ကရလေးဆယ် အဖြစ်အပျက်တွေရှိသေးတယ်..
ဒါဟာလည်း တကယ်တော့ ပုံပြင်ပဲ ထားပါ..
ရှင်းပြရမလား...
တကယ်တော့ ဒါတွေက
............................................
............................................
............................................
ဒီလိုရှိပါတယ်...
မသိစေချင်ပေမယ့်
ဒါဟာလည်း ပုံပြင်ပဲ....
အတော်ကံကောင်းတာက
အသည်းကွဲရပေမယ့်
မင်းဘ၀အတွက်တန်ပါတယ်..
ယူကြုံးမရ နောင်တများစွာနဲ့
မင်းရဲ့ဘ၀မှာ ဝေးခဲ့ပြီ..
ထိုက်သူသာ ပန်ပါစေ...
ပန်းဆိုတာ မကြွေခင်သာ အဖိုးထိုက်တယ်
မေ့လိုက်ကြမယ်လေ..
တိတ်တဆိတ်နဲ့
ဆုတော့တောင်းမယ်
နာကျည်းရင်နာကျည်းသွားပါစေ..
မုန်းတီးမသွားပါစေနဲ့ ... လို့
Labels: ကဗျာ
မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ နာဂစ်မုန်တိုင်းကြီးနဲ့ပတ်သက်လို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် အပြည်ပြည်ဆိုင်ရာက လှူဒါန်းဖို့ ကတိက၀တ်ပြုကြတဲ့ ညီလာခံမှာ တင်ဆက်ခဲ့တဲ့ ဗီဒီယိုဖိုင်ပါ... နိုင်ငံတော်အစိုးရပိုင်ဖြစ်ပါတယ်... ကြည့်ယုံပဲရမှာမို့ စိတ်တော့မဆိုးနဲ့ ...
ဒီညီလာခံမှာ ကုလအထွေထွေအတွင်းရေမှူးချုပ်က နိုင်ငံတော်အစိုးရရဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုကို အသိအမှတ်ပြု ချီးကျူးခဲ့ပြီး အပြည်ပြည်ဆိုင်ရာ အထောက်အပံ့နဲ့ ကျွမ်းကျင်သူ များကို လက်ခံခဲ့တဲ့အတွက် ၀မ်းသာ ကြိုဆိုကြောင်း မိန့်ခွန်း ပြောကြားခဲ့ကြောင်းပါခင်ဗျာ..
Labels: Downloads
တ |
က္ကသိုလ်ကျောင်းသားဘ၀ သင်ခဲ့ရတဲ့ကဗျာတပုဒ်ကိုသတိရမိရဲ့... အကြောင်းကလည်းတိုက်ဆိုင်လာပေသကိုး ဟိုးဘိုးဘွား အတီအတေ ကတည်းက ကြီးမြတ်လှတဲ့ ဂုဏ်အင်္ဂါနဲ့ အရိမဒ္ဒနာပူရလို့ တွင်ခဲ့တဲ့ ပုဂံ၊ သူရဲကောင်းတို့ ထွန်းကားခဲ့ရာ ယဉ်ကျေးမှုရဲ့အနှစ်၊ ရာဇ၀င်သစ်တို့ရဲ့မိခင်၊ ရှင်သန်နေဆဲနှလုံးသားများရဲ့ ပုဂံရဲ့ အလှအကြောင်း တစေ့တစောင်းကြည့်ခဲ့ရသေးတယ်... ပုဂံမှာ ကျွန်တော်တို့ရဲ့ မာန်တွေရှိတယ်၊ ပုဂံမှာ ကျွန်တော်တို့ရဲ့ ဇာတိပုည ဂုဏ်မာနတွေ ရှိတယ်၊ ပုဂံဟာ ကျွန်တော်တို့ရဲ့ ခေတ်ဟောင်းစံ ဖြစ်တယ်၊ တကယ်တော့ ပုဂံလှတယ်ဆိုတာ မြန်မာတိုင်း သိကြပါတယ်... ဒါပေမယ့် ကမ္ဘာကသိအောင်လုပ်ပေးတာကတော့ မြန်မာက သိပ်မပါတာကို တွေ့ရတယ်.. ဘာကြောင့်ဒီလိုပြောရပါသလဲ.. ကမ္ဘာလှည့် ခရီးသွားတွေ ရိုက်ခဲ့တဲ့ ဒီပုံတွေသာ Google Earth လို လူကြည့်များရာတွေမှာ လွှမ်းမိုးထားပါတယ်... မြန်မာပြည်သားကရိုက်ပြီး မြန်မာပြည်သား တင်ထားတဲ့ပို့စ်ရယ်လို့ သိပ်မတွေ့ရသေးဘူး... ဒါပေမယ့် နောင်တချိန်ဖြစ်လာမှာပါလို့တော့ စိတ်ကူးလေးနဲ့ ဖြေသိမ့်မိတယ်... ပုဂံအကြောင်းတွေ ရေးကြပါ... ပုဂံအကြောင်းတွေ တွေးကြပါ.. ခေတ်ဟောင်းစံကို မော်ဒန်ခေတ်ထဲအရောက် ခေါ်ခဲ့ကြပါအုံးလို့...
Labels: ဓါတ်ပုံများ
တေးဆို - ထွန်းထွန်း၊ ကြိုးကြာ
အယ်လ်ဘမ် - မြတ်နိုးခြင်းမိုးတိမ် LIVE SHOW
File Format - WMV (For Zen Media Player)
Labels: Movies
နေပြည်တော်မှ ဆက်စပ်နယ်များသို့ ကားလမ်းခရီးများ
နေပြည်တော်မှ ဆက်စပ်နယ်များသို့ မီးရထားလမ်းခရီးများ
နေပြည်တော်စည်ပင်၏ ပညာပေးတင်ဆက်မှုများ
မြန်မာပြည်တယ်လီဖုန်းဧရိယာကုတ်
Labels: သိမှတ်ဖွယ်ရာ
တေးဆို - အဲလက်စ်၊ ယုဇန
အယ်လ်ဘမ် - မြတ်နိုးခြင်းမိုးတိမ် LIVE SHOW
File Format - WMV (For Zen Media Player)
Labels: Movies
တေးဆို - R ဇာနည်၊ ဆုန်သင်းပါရ်
အယ်လ်ဘမ် - မြတ်နိုးခြင်းမိုးတိမ် LIVE SHOW
File Format - WMV (For Zen Media Player)
Labels: Movies
တေးဆို - ဇော်ပိုင်၊ ချောစုခင်
အယ်လ်ဘမ် - မြတ်နိုးခြင်းမိုးတိမ် LIVE SHOW
File Format - WMV (For Zen Media Player)
Labels: Movies
ဘာရယ်ကြောင့်ပဲဆိုဆို တခါတရံမှာ ကျွန်တော်တို့ ပိုမိုသိရှိလိုတာတွေ ရှိတတ်ပါတယ်...
မူပိုင်ခွင့်အရ မသင့်တော်ခြင်းများ၊ အရွယ်မရောက်သေးသူများအတွက် မသင့်တော်ခြင်းများ၊ အခြား တားမြစ် ပိတ်ပင်သင့်သည်များအတွက် Proxy ဆာဗာမှ တားမြစ်ထားတဲ့ Websiteတွေ ရှိပါတယ်... သို့သော် တခါတရံမှာ အဲဒါတွေနဲ့ မဆိုင်တဲ့ အကျုံးမ၀င်တဲ့ Website တွေပါ ရောပြီး ပိတ်နေတာတွေရှိပါတယ်... အဲဒါမျိုးတွေ ကြုံလာခဲ့ရင်တဲ့.. ဘာပဲဖြစ်ဖြစ် အဲဒါကို ထိုးဖောက်ဖြတ်ကျော်ပြီး သွားမယ်ဆိုရင်တော့ သွားလို့ ရပါတယ်တဲ့... သတ္တမနည်းပညာရပ်ဝန်းကနေ တဆင့် ရခဲ့တာပါ... တားမြစ်သူရှိသလို ကျော်ဖြတ်သူတွေလည်းရှိနေမယ်... ကျော်ဖြတ်နေရင် ထပ်ပြီးပိတ်ပင်မယ်.. ဒါကတော့ သံသရာပေါ့.. ဘာပဲဖြစ်ဖြစ် ဆန္ဒရှိလို့စမ်းကြည့်မယ်ဆိုရင်တော့ ဒီအောက်က လင့်မှာ ရနိုင်ပါတယ်... သုံးစွဲခြင်း မသုံးစွဲခြင်းအတွက် တာဝန်မယူသလို ကောင်းတယ်မကောင်းဘူးဆိုတာကိုလည်း စမ်းကြည့်မှပဲ သိနိုင်မယ်ပေါ့..
Ultra surf 8.7
Labels: Downloads
မပျော်ပါဘူး
မင်းတို့ပြောတဲ့နှစ်ကူးသင်္ကြန်
အမှန်ကတော့ ရူးသွပ်ခြင်းပဲ..
သဲသဲမဲမဲ မင်းတို့ပျော်နေချိန်မှာ
ငါကတော့ ကွန်ယက်တစ်ခုထဲ မျော လို့...။
မပျော်ပါဘူး
မင်းတို့ပြောတဲ့နှစ်ကူးသင်္ကြန်
အမှန်ကတော့ အလွမ်းတွေချည်းပဲ...။
မင်းတို့တတွေ တွဲကနေတဲ့အချိန်
ငါကတော့
အသဲအထုတ်ခံရတဲ့ ရင်ဘတ်ဟက်တက်ကွဲကြီးနဲ့...။
မပျော်ပါဘူး
မင်းတို့ပြောတဲ့ နှစ်ကူးသင်္ကြန်
အမှန်ကတော့ နာကျင်ခြင်းတွေချည်းပဲ...
လည်ချောင်းကွဲမတတ် မင်းတို့သီချင်းဆိုနေချိန်
ငြိမ်သက်စွာ အမှောင်ထုထဲမှာ..
ငါကတော့ သရဲတစ်ကောင်ဖြစ်နေခဲ့...။
မပျော်ပါဘူးကွာ...
မင်းတို့ပြောတဲ့ နှစ်ကူးသင်္ကြန်က...။
စီခရေဇီ
Labels: ကဗျာ
ထိုရောတည အိပ်မက်လှ၍
လမင်းကြယ်စင် သင့်ရင်ခွင်ဝယ်
ကြည်လင်ဝပ်စင်း ခ စေသတည်း....
ညင်းလေနွဲ့နွဲ့ မြူလဲ့လဲ့နှင့်
သဲ့သဲ့သံစဉ် သင့်ရင်ခွင်ဝယ်
သွယ်သွယ်ငြိမ့်ငြိမ် လွင့်စေသတည်း...
ပန်းလွှာပန်းချပ်... နှင်းစက်လက်နှင့်
အိစက်သင်းထုံ တိမ်လွှာဘုံဝယ်
အာရုံတိမ်းမူး မြူးစေသတည်း...
စီခရေဇီ
Labels: ကဗျာ
ရောက်လေပေါ့ ချစ်သူ.....
ပိတောက်တွေ သစ္စာပျက်လေတော့..
နောက်တနွေနှစ်သာဆက်ပြန်ခဲ့
မျှော်ပါလျက်ပေါ်မလာ
လွမ်းရက်ရှည်ကြာ....
အလှပျက်ကြွေ အနေမှာနွမ်းသူမို့
ကျမျက်ရည် မကြေငြာစတမ်းရယ်လို့
ပန်းမြို့သူတို့ဆိုတဲ့အခါ
ဆွေးသူမှာ ရင်မော...
နွေနှောင်းမြူ ပြန်ချိန်ကျပြီမို့
ရွက်ကြွေစ ပင်ယံပေါ်မှာ
ဖော်မစုံသူနွေဥသြ
လွမ်းသီဖွဲ့နှော.... ။
သူငယ်ချင်းတစ်ယောက်ကို ပေးလိုက်ပြီ ... ဒီရက်ပိုင်းတွေထဲမှာ စိတ်ရူးပေါက်လာတိုင်း ကဗျာဖြစ်နေတယ်... စိတ်ရှိတိုင်း ချရေးရင် မြေပြင်အနှံ့ ပန်းတွေ ပြန့်ကျဲသွားတော့မှာပဲ..... ပိန်လှီခြောက်ကပ်နေတဲ့ နှလုံးသားအတွက် သနားခြင်းဖြင့် မှားယွင်းခွင့်ပြုပါလေ .... တစ်ကိုယ်ရေဘ၀ထဲမှာ ဘာပဲဖြစ်ဖြစ် တခုလောက်တော့ ထည့်ထားလိုက်ချင်သေးတယ်... ဇီးကွက်ကလေး ရှစ်ကြိမ်အော်ပြီးတဲ့နောက် လင်းသွားပြန်ပေါ့ မနက်တခင်း...
Labels: ကဗျာ
Labels: ကဗျာ
ချစ်စဖွယ်သော တီတာနှောခဲ့
မနောမှန်ပေ ချစ်မိတ်ဆွေလျှင်
ကြည်လင်ဆုမြတ် ခွန်းခြွေအပ်ရာ
“အိပ်မက်လှလှ မက်ပါစေ..” တဲ့။
ထိုရောခဏ
ဟဒယ၀ယ် ဖြာကျပီတိ
ဂွမ်းဆီထိ၍ ပြည့်စုံစေကြောင်း
ရင်မှပေါင်း၍ ထပ်လောင်းတောင်းဆု ခြွေပါသည်..
“ မက်ရပါလို မက်ရလျှင်လည်း
ရင်ကွဲပက်လက် ကြွေသက်မျက်ရည်
ပင်လယ်ဝေမျှ လွမ်းကာတမိ
မြတ်သည့်အိမ်ယာ မိမာတာလျှင်
အိပ်မက်ခွင်သို့ ကြွစေသတည်း....”
“ မက်ရပါလို မက်ရလျှင်လည်း
သဲသဲခိုင်ခိုင် ကျောက်ဆစ်တိုင်နှယ်
ခန့်ထည်ငြီးငြီး ကျေးဇူးကြီးဘိ
မြတ်သည့် ပီတာ အားကိုးရာလျှင်
အိပ်မက်ခွင်သို့ ကြွစေသတည်း...”
စီခရေဇီ (နှစ်ဆန်း ၁ ရက်နေ့ နံနက် ၁ နာရီ ၅ မိနစ်)
Labels: ကဗျာ
Labels: Downloads
Labels: ဓါတ်ပုံများ
Labels: Downloads
တပ်မတော်ပန်းခြံ အရှေ့ဘက်ခြမ်း
ပိုလှတာက ည ရှုခင်းတွေက ပိုလှတယ်ဗျ ဒါပေမယ့် ရတဲ့အချိန်ရိုက်ထားရတာလေ... တပ်မတော်နေ့အမီ ပြင်ဆင်နေတယ် ပြီးရင်တော့ ညပါ ရိုက်ပြမယ်နော်...
Labels: ဓါတ်ပုံများ
ဘောဂသီရိ ပွဲရုံတန်းနဲ့ ကားဝင်း ပုံပါ... ဘေးစောင်းလေးပဲ ရိုက်ထားတော့ တစ်တန်းပဲ မြင်ရတယ် အထဲမှာကတော့ သုံးလေးတန်းလောက် ရှိသေးတယ်.. သွားရင်းလာရင်း လွယ်သလို ရိုက်ထားတာလေ...
Labels: ဓါတ်ပုံများ
နေပြည်တော်-ရေဦး လမ်းပိုင်း | ||||
နေပြည်တော် | - | ငတရော် | ၁၇၉.၂၅ | မိုင် |
။ | - | ရွာသစ်ကြီး | ၁၈၂.၅၀ | မိုင် |
။ | - | မြင်းမူ | ၁၉၆.၅၀ | မိုင် |
။ | - | ချောင်းဦး | ၂၁၆.၇၅ | မိုင် |
။ | - | မုံရွာ | ၂၃၄.၇၅ | မိုင် |
။ | - | ဘုတလင် | ၂၅၄.၀၀ | မိုင် |
။ | - | တင်းတိန်ရန် | ၂၇၉.၃၇ | မိုင် |
။ | - | ရေဦး | ၂၉၀.၃၇ | မိုင် |
Labels: မီးရထားခရီးများ
နေပြည်တော်-ရေဦး လမ်းပိုင်း | ||||
နေပြည်တော် | - | ငတရော် | ၁၇၉.၂၅ | မိုင် |
။ | - | ရွာသစ်ကြီး | ၁၈၂.၅၀ | မိုင် |
။ | - | မြင်းမူ | ၁၉၆.၅၀ | မိုင် |
။ | - | ချောင်းဦး | ၂၁၆.၇၅ | မိုင် |
။ | - | မုံရွာ | ၂၃၄.၇၅ | မိုင် |
။ | - | ဘုတလင် | ၂၅၄.၀၀ | မိုင် |
။ | - | တင်းတိန်ရန် | ၂၇၉.၃၇ | မိုင် |
။ | - | ရေဦး | ၂၉၀.၃၇ | မိုင် |
Labels: မီးရထားခရီးများ
နေပြည်တော်-မတ္တရာ လမ်းပိုင်း | ||||
နေပြည်တော် | - | သူရဲဈေး | ၁၆၂.၀၀ | မိုင် |
။ | - | အိုးဘို | ၁၆၄.၀၀ | မိုင် |
။ | - | ကဘိုင် | ၁၆၇.၀၀ | မိုင် |
။ | - | တောင်ပြုံး | ၁၆၉.၀၀ | မိုင် |
။ | - | ၀ါးရင်းဒုတ် | ၁၇၂.၀၀ | မိုင် |
။ | - | မတ္တရာ | ၁၇၇.၅၀ | မိုင် |
Labels: မီးရထားခရီးများ
နေပြည်တော်-မြစ်ကြီးနား လမ်းပိုင်း | ||||
နေပြည်တော် | - | အမရပူရ | ၁၆၁.၀၀ | မိုင် |
။ | - | ရွှေကြက်ယက် | ၁၆၃.၀၀ | မိုင် |
။ | - | စစ်ကိုင်း | ၁၆၇.၀၀ | မိုင် |
။ | - | ရွာထောင် | ၁၆၉.၀၀ | မိုင် |
။ | - | ၀က်လက် | ၂၀၃.၂၅ | မိုင် |
။ | - | မုဆိုးခြုံ | ၂၁၀.၇၅ | မိုင် |
။ | - | ရွှေဘို | ၂၁၉.၅၀ | မိုင် |
။ | - | ခင်ဦး | ၂၃၃.၂၅ | မိုင် |
။ | - | ထန်းတပင် | ၂၄၄.၇၅ | မိုင် |
။ | - | ကန့်ဘလူ | ၂၆၅.၂၅ | မိုင် |
။ | ကောလင်း | ၂၉၀.၇၅ | မိုင် | |
။ | ၀န်းသို | ၃၁၈.၇၅ | မိုင် | |
။ | နန်ခမ်း | ၃၃၄.၂၅ | မိုင် | |
။ | မဲဇာ | ၃၅၀.၇၅ | မိုင် | |
။ | အင်းတော် | ၃၆၀.၇၅ | မိုင် | |
။ | နဘား | ၃၆၅.၀၀ | မိုင် | |
။ | ကသာ | ၃၈၀.၀၀ | မိုင် | |
။ | မိုးညှင်း | ၄၀၈.၇၅ | မိုင် | |
။ | နန်းမား | ၄၁၆.၇၅ | မိုင် | |
။ | ဟိုပင် | ၄၂၆.၇၅ | မိုင် | |
။ | မင်းကုန်း | ၄၄၂.၂၅ | မိုင် | |
။ | ဆားမှော် | ၄၅၀.၂၅ | မိုင် | |
။ | မိုးကောင်း | ၄၆၁.၀၀ | မိုင် | |
။ | နမ္မတီး | ၄၆၇.၀၀ | မိုင် | |
။ | မြစ်ကြီးနား | ၄၉၇.၇၅ | မိုင် |
Labels: မီးရထားခရီးများ